စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူရွာက စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းသိမ်း ပိုက်ပြီး ရဟတ်ယာဉ်ကွင်းနှစ်ခုကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကလေးခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရ ပါတယ်။
ပျူစောထီးဆိုသူတွေနဲ့ စစ်ကောင်စီတပ်သားတွေစခန်းချနေတဲ့စခန်းက ကတုတ်ကျင်းတွေ၊ ဘန်ကာ တွေကို ကလေးခရိုင်၊ အမှတ် (၁၁) တပ်ရင်း (မင်းကင်း)နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလ ၁၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ ရှေ့ထွက်မိုင်းတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါ တယ်။
သတင်း-လွှမ်းမိုး၊တည်းဖြတ် - KMN