ဒီးမော့ဆို မြို့နယ်မှာ အချိန်အခါမဟုတ် မိုးသီးများကြွေကျ (ပုံသတင်း)

ဒီးမော့ဆို မြို့နယ်မှာ အချိန်အခါမဟုတ် မိုးသီးများကြွေကျ (ပုံသတင်း)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်ပြီး အချိန်အခါမဟုတ် မိုးသီးများကြွေကျမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စစ်ဘေးဒုက္ခသည် ၂၀,၀၀၀ ကျော် ခိုလှုံနေသော ဒီးမော့ဆိုမြို့နယ်် အနောက်ခြမ်းတွင် အချိန်အခါမဟုတ် မိုးသီးများ ကြွေကျမှုကြောင့် စစ်ဘေးရှောင်များအနေဖြင့် အခက်အခဲအချို့ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

ကရင်နီပြည်နယ် အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း နေရာကျဲကျဲ မိုးရွာသွန်းပြီး မိုးသီးများ ကြွေကျနိုင်ကြောင်း မိုးဇလဌာနက ခန့်မှန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- သူရ/မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly