မြိုင်မြို့နယ် မကျည်းကန် ကျေးလက်ဆေးရုံမှာ ဘာတွေဖြစ်ခဲ့သလဲ

By KMN(မဇ္ဈိမ)
20 April 2023
မြိုင်မြို့နယ် မကျည်းကန် ကျေးလက်ဆေးရုံမှာ ဘာတွေဖြစ်ခဲ့သလဲ

မကွေးတိုင်း၊မြိုင်မြို့နယ်၊ မကျည်းကန်ရွာ ကျေးလက်ဆေးရုံကို ပြီးခဲ့တဲ့ဧပြီလ ၁၈ - ၁၉ ရက် နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်ကနေ Mi-35 နဲ့ Mi-17 စစ်သုံးရယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က မကျည်းကန်ကျေးလက်ဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူတွေနဲ့ ဆေးရုံလူနာ၊ လူနာစောင့်တွေအပါ လူ ၁၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဧပြီ ၁၉ ရက်နေ့မှာ ကျန်းမာရေးဆရာဝန်တစ်ဦးနဲ့ ဆရာမတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို ဒေသခံပြည်သူ ၁၄ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပခုက္ကူခရိုင်အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
အဖမ်းဆီးခံပြည်သူ ၁၀၀ ခန့်ကိုတော့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြိုနယ် တော်လှန်ရေးအဖွဲ့တစ်ခုကတော့ ဧပြီ ၁၉ ရက်နေ့၊ မကျည်းကန်ရွာက ထွက်လာတဲ့စစ်ကြောင်းဟာ မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာ(ပျူစောထီးရွာ)မှာ ညအိပ်စခန်းချခဲ့ပြီး ဒီကနေ့ ဧပြီ ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့  မြိုင်မြို့နယ်အရှေ့မြောက်ဘက်ရှိ ကန်ဘူးရွာဘက်ကိုထွက်ခွာသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စာတည်း - သန့်ဇော်(သန်လျင်)

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required