ပင်စင်ပြုပြင်ပြောင်းလဲရေးကို ဆန္ဒပြတဲ့အနေနဲ့ မိုးမျှော်တိုက်ပေါ်သို့ တက်ခဲ့တဲ့ 'ပြင်သစ် Spiderman' အလန် ရောဘတ်

ပင်စင်ပြုပြင်ပြောင်းလဲရေးကို ဆန္ဒပြတဲ့အနေနဲ့ မိုးမျှော်တိုက်ပေါ်သို့ တက်ခဲ့တဲ့ 'ပြင်သစ် Spiderman' အလန် ရောဘတ်

"ပြင်သစ် Spiderman" အလန် ရောဘတ်ဟာ အသက် ၆၂ နှစ်ကနေ ၆၄ နှစ်အထိ နှစ်နှစ်ထပ်တိုးမယ့် အငြင်းပွားစရာ လူအများမနှစ်သက်တဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေးကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ပါရီမြို့ဆင်ခြေဖုံးက ၃၈ ထပ်တိုက်ရှိ မိုးမျှော်တိုက်ဖြစ်တဲ့ Alto tower ကို ကြိုးမပါဘဲ အလွတ်တက်ပြခဲ့ပါတယ်။

“တကယ်တော့ ပင်စင်ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်တဲ့သူအားလုံးကို ထောက်ခံအားပေးဖို့ ကျနော် ဒီကို ရောက်လာတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ အစိုးရက ထုံးစံအတိုင်း ၄၉.၃ ကို သုံးဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၄၉.၃ က မှော်ဆန်တဲ့ လက်နက်ပဲလေ။ ဒါကို လူတိုင်းက ဆန့်ကျင်ကြတယ်။ လုပ်ကြပါ၊ အဲဒါကို ဖိအားပေးပြီးနောက်မှာ အားလုံးအဆင်ပြေသွားမှာပါ။"လို့ အလန် ရောဘတ်က ပြောပါတယ်။

“ကျနော် ပြောချင်တာက မစ္စတာ အီမန်နျူရယ် မက်ခရွန်ကို မြေပေါ် ပြန်ဆင်းလာပြီး ပြောဖို့ပါပဲ။ တကယ်တော့ မြေပေါ် ပြန်ဆင်းလာဖို့အတွက် သူ့ကို ရှင်းပြဖို့ ကြိုးမပါဘဲ အဲဒီကို ကျနော် တက်သွားပါပြီ။ အသက် ၆၁ နှစ်ရှိပါပြီ၊ ကျနော် အသက်ဆက်ရှင်ရအုံးမယ်။ ကျနော့်မှာ ရှစ်နှစ်သားကလေးတစ်ယောက်ရှိပြီး ကုန်ကျစရိတ်တွေ အများကြီး ... အများကြီးရှိပါတယ်”လို့ တောင်တက်သမားက ပြောပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်ဟာ သူ့ရဲ့ လူအများ မနှစ်သက်တဲ့ ပင်စင်လစာများ ပြုပြင်ပြောင်းလဲရေး ဥပဒေအဖြစ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပါရီမြို့ကနေ ပထမဆုံး ထွက်ခွာလာစဉ် ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ လူအုပ်ကြီးက သူ့ကို ကျယ်လောင်စွာ အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါပေမယ့် Alsace ဒေသက Selesat ကို သူရောက်ရှိစဉ်မှာ တချို့ဒေသခံတွေက "မက်ခရွန် ရာထူးက နုတ်ထွက်ပါ" အပါအဝင် ကြွေးကြော်သံတွေ ရွတ်ဆိုခဲ့ကြပါတယ်။ အသက်၄၅ နှစ်ရှိ ပြင်သစ်သမ္မတကို လူအချို့က သူ့ကို ပုဂ္ဂိုလ်ရေးအရ ဆဲဆိုကြိမ်းမောင်းကာ ကဲ့ရဲ့လှောင်ပြောင်ကြပါတယ်။

“ကျုပ်တို့တွေ မမြင်ဖူးသေးတဲ့ အတိုင်းအတာတစ်ရပ်နဲ့ အကျင့်ပျက် အစိုးရတစ်ခု ရှိနေတယ်”လို့ လူတစ်ဦးက သူ့ကို စွပ်စွဲရင်း – “ခင်ဗျား မကြာခင် ရားထူးကနေ ပြုတ်ကျလိမ့်မယ်၊ ခင်ဗျား တွေ့လိမ့်မယ်”လို့ ပြောပါတယ်။

မက်ခရွန်ကတော့ ဒီလူရဲ့ သူ့စိတ်ကူးတွေက "မမျှတဘူး"လို့ ပြောဆိုသွားခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required