အခမဲ့ ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုဖို့ ကျူးဘား ပရိတ်သတ်တွေကို YouTube က ဖိတ်ကြားခဲ့တဲ့ Rolling Stone အဖွဲ့

အခမဲ့ ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုဖို့ ကျူးဘား ပရိတ်သတ်တွေကို YouTube က ဖိတ်ကြားခဲ့တဲ့ Rolling Stone အဖွဲ့

နယူးယော့ခ်၊ မတ် ၂၄ ။           ။ ဗြိတိန် ရော့ခ်တေးဂီတအဖွဲ့ Rolling Stones အဖွဲ့သည် မတ်၂၅ ရက်တွင် ကျင်းပပြုလုပ်မည့် အခမဲ့ဖျော်ဖြေပွဲသို့ လာရောက်ရန် ကျူးဘားပရိသတ်များကို YouTube ဗီဒီယိုမှတစ်ဆင့် အဖွဲ့ဝင် မစ်ခ်ဂျက်ဂါက စပိန်ဘာသာစကားဖြင့် ဖိတ်ကြားခဲ့သည်။

“ကျွန်တော်တို့ နေရာတော်တော်များများမှာ ဖျော်ဖြေခဲ့တယ်။ ဒါပေမဲ့ ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားမှာ ပြုလုပ်မဲ့ ဖျော်ဖြေပွဲက ကျွန်တော်တို့အတွက် သမိုင်းဝင်မဲ့ ပွဲလေးတစ်ခုဖြစ်မှာပါ။ ခင်ဗျားတို့လည်း ဒီဖျော်ဖြေပွဲမှာ ကျွန်တော်တို့နဲ့အတူ ရှိနေမယ်လို့ မျှော်လင့်ပါတယ်” ဂျက်ဂါက ပြောကြားခဲ့သည်။

ကျူးဘားပြည်သူ သုံးပုံတစ်ပုံထက်မနည်းသည် အင်တာနက် အသုံးပြုနေကြပြီး ၃ ဒသမ ၄ ရာခိုင်နှုန်းသည် အင်တာနက် သို့မဟုတ် ပြည်တွင်း ကျူးဘားအင်တာနက်နှင့် ချိတ်ဆက်အသုံးပြု ကြကြောင်း ကုလသမဂ္ဂ အချက်လက်များတွင် ဖော်ပြထားသည်။

Rolling Stones အဖွဲ့သည် လက်တင်အမေရိက ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်၏ နောက်ဆုံး ခရီးစဉ်အဖြစ် ကျူးဘားနိုင်ငံတွင် ဖျော်ဖြေသွားမည်ဖြစ်သော်လည်း  ကျူးဘားနိုင်ငံတွင်   နိုင်ငံတကာ ရော့ခ်ကြယ်ပွင့်များ၏ ပထမဆုံး ဖျော်ဖြေပွဲဖြစ်လာမည် ဖြစ်သည်။

ကျူးဘားနိုင်ငံသို့ အမေရိကန်သမ္မတ ဘားရက်ခ်အိုးဘားမား၏ ၄၈ နာရီကြာ အလည်အပတ် ခရီးစဉ်ကြောင့် ကစားကွင်းတွင် ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲကို ငါးရက် ရွှေ့ဆိုင်းခဲ့ရသည်။

Rolling Stones အဖွဲ့သည် စတိတ်စင်၊ စပီကာများ၊ မီးချောင်းနှင့် ဗီဒီယို ရုပ်မြင်သံကြားစက် ဖန်သားပြင်ကဲ့သို့သော ခန့်မှန်းခြေအားဖြင့် တန် ၅၀၀ ရှိသော ပစ္စည်းများကို ကုန်သေတ္တာ ၆၁ ခုဖြင့် သယ်ဆောင်ခဲ့ကြောင်း ထုတ်လုပ်ရေး မန်နေဂျာ Dale Skjerseth က သတင်းထောက်များကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly