နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၉ ဧပြီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၉ ဧပြီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကို ဧပြီ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

· နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထောင်ဝင်စာပစ္စည်းအတွက် ယမန်နေ့ (ဧပြီ ၁၈ ရက်) နံနက်ပိုင်းက နေပြည်တော်အချုပ်ထောင်သို့ပေးပို့ခဲ့ရသည်ဟု ယုံကြည်စိတ်ချရသော သတင်းရင်းမြ စ်များက မဇ္ဈိမကိုပြောသည်။

· မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမရွာမှာ အခြေစိုက်သည့် စစ်ကောင်စီ၏ အမှတ် ၂၁ ကပစ၊ ကာကွယ် ရေးပစ္စည်းစက်ရုံကို ဧပြီလ ၁၆ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃ရက်) က ဖမ်းဆီးခံခဲ့ရသည့် လူငယ် ခုနစ်ဦး မိသားစုဝင်များနှင့်အဆက်အသွယ်မရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

· မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ရုံးနှင့် ဆောက်လုပ် ရေးရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

· ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်မြို့ရှိ လူစည်ကားရာလမ်းမကြီးများပေါ်တွင် တော်လှန်ရေးအဖွဲ့ အစည်း များက နှစ်သစ်ကာလမြို့ပြတော်လှန်ရေးလှုပ်ရှားမှုတစ်ခုကို ယနေ့ ဧပြီလ ၁၉ ရက်တွင် ပြုလုပ် ခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းကျေးရွာများကို ဧပြီလ ၁၉ ရက်နေ့ မနက် ပိုင်းအထိ စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးလာတာကြောင့် ရွာခံသောင်းနှင့်ချီပြီး ဘေးလွတ် ရာကို အရေးပေါ်ထွက်ပြေးနေရကြောင်း ခင်ဦးဒေသခံများက ပြောသည်။

· စစ်ကိုင်းတိုင်း ၊ ဘုတင်လင်မြို့နယ် ကျောက်ရေအိုးမြောက်ရွာရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ နေအိမ်များ ကို စစ်ကောင်စီတပ်သားများက ဖျက်ဆီးခဲ့ပြီး ကားအပါအဝင် အိမ်တွင်းပစ္စည်းများ လုယက်ခဲ့ကြောင်း Lion Ingar Budalin PDF အဖွဲ့က ထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်ကောင်စီတပ်၏ လေ ကြောင်းမှတိုက်ခိုက်မှု ကြောင့် ကျဆုံးခဲ့ရသူများနှင့် နွေဦးတော်လှန်ရေးအတွင်းကျဆုံးခဲ့ရသော ရဲဘော် များအားရည်စူး၍ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ကုသိုလ်ပြု အမျှဝေခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Dog Killers People's Defence Force Myinmu မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

· တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာတွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်ဖက်က အင်အားဖြည့်တပ်စွဲလာနေခြင်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင် မူးယစ်ဂိုဏ်း ၁ ခုကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် တချို့နှင့် WY ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်းတွင် ဧပြီ ၁၁ ရက်က ကျေးရွာတစ်ရွာ၌ လူအစုပြုံလိုက် သတ်ဖြတ်ခဲ့သည့်နောက် မြန်မာ စစ်ကောင်စီထံ လေယာဉ်ဆီ ပေးပို့မှုများ ရပ်ဆိုင်းရေးအတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး AI အဖွဲ့က နိုင်ငံတကာ အဖွဲ့အစည်းအား တိုက်တွန်းသည်။

· စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီး မြို့မရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၈ ရက်နေ့ ည ၁၀ အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ တာဝန်ရှိသူ က မဇ္ဈိမကို ပြောသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ယမန်နေ့ ညပိုင်းက PDF တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဧပြီလ ၁၈ ရက်နေ့ တွင် ဝင်ရောက်စီးနင်းပြီး ဆေးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ကို သတ်ဖြတ်ကာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး ထား ကြောင်း သိရသည်။

· မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ရွာလယ်လမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ ရာ အနီးဝန်းကျင်မှ သံသယရှိသူလူငယ်နှစ်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်သတ် ခဲ့ကြောင်း သိရသည်။

· သထုံမြို့ အမြှောက်တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူကို အရပ်ဖက်သုံးခရီးသည်တင် ယာဉ်ငယ်ပေါ်တွင် အရပ်ဝတ်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေး (UG) အဖွဲ့မှ ရဲဘော်တစ်ဦးက သတင်းပေးပို့သည်။

· မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို G7 စက်မှုထိပ်သီး နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုလိုက်သည်။

· ပဇီကြီးရွာအား လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် လူ ၂၀၀ နီးပါး သေဆုံးခဲ့မှု အတွက် မြန်မာပြည်ငြိမ်းချမ်းဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆုတောင်းခဲ့ကြောင်း သတင်းဖော်ပြချက် များအရ သိရသည်။

· အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိရာ ဧပြီ ၁၈ ရက်အထိ စာရင်းတွေအရ ကျဆုံးခဲ့ရသူ ၃၄၀၈ ဦးအထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဗဟို သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

· ကရင်အမျိုးသားအစည်းအရုံး( KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ယမန်နေ့ညက သွေးတိုးပြီး သတိလစ်သွားသဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ

· ယူကရိန်းကို စစ်ဆင်မှုကြောင့် ကမ္ဘာ့နိုင်ငံများ၏ ပိတ်ဆို့မှုကို ရင်ဆိုင်နေရသော ရုရှားသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှတဆင့် ကူမင်းမြို့သို့ သွယ်တန်းထားသည့် ပိုက်လိုင်း မှတဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့နေကြောင်း သတင်းများထွက်ပေါ်နေသည်။

· ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong သည် ဧပြီ ၁၇ ရက်၊ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံအမတ်ကြီးများအား နိုင်ငံတော်သမ္မတ အိမ်တော်တွင် လက်ခံတွေ့ဆုံသည့် အခမ်းအနား ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ အကြမ်းဖက်စစ်ကောင်စီ ကျော်စိုးဝင်း တက်ရောက်ခဲ့သည်။

· (၃) နှစ်စာပူးတွဲကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမ အနီးလဟာပြင်ကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။

· မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊မကြီးကန်ကျေးရွာနှင့် ကန်ကြီး ကျေးရွာတို့အတွင်း၌ ခဲယမ်း၊ ဗုံးသီးများ နှင့် ဆက်စပ်ပစ္စည်းများ အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ ဝါဒဖြန့်ချိရေးအဖွဲ့ ကထုတ်ပြန်သည်။

ဧပြီ ၁၉ ရက် သုံးသပ်ချက်

· စစ်တပ်မှ ပဇီကြီးကျေးရွာတွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးနောက် နိုင်ငံတကာမှ စစ်အုပ်စုကို ဖိအားပိုမိုပေးလာသလို စစ်အုပ်စု၏ အာဏာလုယူပြီးနောက် အကျိုးသက်ရောက်မှုများကို ဆွေးနွေးလာသည်ကို တွေ့ရသည်။

· နွေဦးတော်လှန်ရေးစကတည်း တူမီးကိုင်စွဲကိုင်တော်လှန်ခဲ့ကြသည့် ချင်းနှင့်ကရင်နီပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ လက်နက်လူသူ အင်အားပိုမိုကောင်းမွန်လာသည်နှင့်အမျှ အကြမ်း ဖက်စစ်ကောင်စီတပ်များ အသေများလာသည်ကိုတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly