သမီးများကို မက်ဆီနှင့်တွေ့ဆုံရန် အိုဘားမားစီစဉ်ပေးနိုင်ခြင်းမရှိ

သမီးများကို မက်ဆီနှင့်တွေ့ဆုံရန် အိုဘားမားစီစဉ်ပေးနိုင်ခြင်းမရှိ

မတ် ၂၄၊ ဗျူနိုအေးရိစ် ။              ။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် အာဂျင်တီးနားသို့ရောက်ရှိနေစဉ်အတွင်း သမီးများကို ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်နှင့် မိတ်ဆက်ပေးနိုင်ခဲ့သော်လည်း ဘာစီလိုနာကြယ်ပွင့် မက်ဆီနှင့်တွေ့ဆုံပေးနိုင်ခြင်းမရှိခဲ့ပေ။

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် အာဂျင်တီးနားခရီးစဉ်အတွင်း မိန့်ခွန်းပြောကြားရာတွင် ၎င်း၏သမီးများကို အာဂျင်တီးနား နိုင်ငံကိုရောက်ဖူးစေရန်နှင့် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်နှစ်ဦးနှင့်တွေ့ဆုံစေချင်သည့်အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ဆာရှာနှင့်မယ်လီရာတို့သည် အာဂျင်တီးနားလက်ရွေးစင်ကစားသမား ကမ္ဘာ့အကောင်းဆုံးဆုရှင် မက်ဆီကိုတွေ့ဆုံရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သော်လည်း အကြီးမားဆုံးနှစ်သိမ့်မှုအဖြစ် အာဂျင်တီးနာမှ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကိုသာ တွေ့ဆုံခွင့်ရခဲ့ကြသည်။

"ကျွန်တော့်သမီးတွေကို ဒီကိုခေါ်လာချင်ခဲ့ပါတယ်။ ဒါဆိုရင် သူတို့အနေနဲ့ ဗျူနိုအေးရိစ်ရဲ့ သာယာမှုတွေကို မြင်တွေ့နိုင်မယ်။ သူ့တို့ဟာ အာဂျင်တီးနားနာမည်ကျော်တစ်ယောက်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်နဲ့ တွေ့ဆုံဖူးပြီးပါပြီ။

အခုသူတို့ မက်ဆီကိုတွေ့ချင်နေကြတယ်။ ဒါပေမဲ့ ကျွန်တော် စီစဉ်ပေးနိုင်ဖို့ မရှိပါဘူး"ဟု အိုဘားမားက ပြောသည်။

မက်ဆီသည် အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန် ချီလီနိုင်ငံသို့ သွားရောက်နေရပြီး ယင်းပွဲစဉ်ပြီးမှ ဘိုလီဗီးယားနှင့် ကစားရန် အာဂျင်တီးနားသို့ ပြန်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly