နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၄ ဧပြီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၄ ဧပြီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ
•    အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သည့် ပဇီကြီးရွာ အုပ်ချုပ်ရေးရုံးဖွင့်ပွဲသည် လျှို့ဝှက် စစ်ရေးအစည်းအဝေးမဟုတ်ဘဲ ရပ်သိရွာသိပြုလုပ်ခဲ့သော အစီအစဉ်သာဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး(၁၄/၂၀၂၃)ကို ဧပြီ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ကြသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၆၈ ဦးသေဆုံးမှုသည် စစ်ရာဇဝတ်မှုမြောက်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေများ ချိုးဖောက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး Barbara Woodward နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ပူးတွဲ ပြုလုပ် သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုလိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ 
•    အကြမ်းဖက်မြန်မာစစ်ကောင်စီသည် ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံဆီကနေ စစ်လက်နက်များ တိတ်တဆိတ် ဝယ်ယူခဲ့သည်ကို NK News က ကြည့်ရှုခဲ့သည့် ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်များအဖွဲ့၏ အစီရင်ခံစာကို အခြေခံပြီး Justice for Myanmar (JFM) အဖွဲ့က ပြောကြားလိုက်သည်။
•    ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က နမ်းနိမ်ရွာမှာ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်က အစုလိုက် အပြုံ လိုက်သတ်ဖြတ်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တစ်ခုဆီတွင် ဖမ်းဆီးခံလိုက်ရသည့် ခလရ (၂၄၇) က တပ်သား မောင်စည်သူလှိုင်က မဇ္ဈိမသတင်းဌာန၏ မေးမြန်းမှုတစ်ခုတွင်ဝန်ခံခဲ့သည်။
•    တန့်ဆည်မြို့နယ် ပင်မ သပိတ် ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် တော်လှန်သင်္ကြန် အကျနေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ချောင်းဦးမြို့နယ် လူငယ် အင်အားစု သပိတ်ကော်မတီမှ ဦးဆောင်ကာ တော်လှန်ရေး ကာလအတွင်း ကျရောက်လာသည့် သင်္ကြန်ကာလတွင် တော်လှန်ရေးနှင့် သက်ဆိုင်သော အကြောင်း အရာများ၊ အပြု သဘော ထောက်ပြ ဝေဖန်မှုများနှင့် အကြံပြု စကားများကို "အညာတမာ" ခေါင်းစဥ်ဖြင့် တော်လှန် သံချပ်ထိုး ထားခြင်းဖြစ်ကြောင်း သိရသည်။
•    ကနီမြို့နယ်၊ မုံရွာ- ယာကြီး -ကလေးဝ ကားပိုင်းတစ်နေရာတွင် ယနေ့ ဧပြီလ ၁၄ ရက်နေ့၌ သင်္ကြန်ကာလ တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် အာဇာနည် ရဲဘော် ၁၀ ဦး၏ ၂ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    တန့်ဆည်မြို့နယ် ပင်မ သပိတ် ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် တော်လှန်သင်္ကြန် အကျနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ကာလအတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလားသဖြင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းကျေးရွာတချို့မှ ပြည်သူ ၅၀၀၀ ကျော် ညတွင်းချင်း စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
•    ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ထောက်ပံ့လှူဒါန်းရန် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ ကော်မတီဝင်များက တော်လှန် သံချပ်ဖြင့် လိုက်လံ ဖျော်ဖြေပြီး အလှူငွေ ကောက်ခံ လျက်ရှိကြောင်း သိရသည်။
•    ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ပြီး "အညာဟာ အသံမတိတ် တော်လှန် အတာသပိတ်" စာသားကို ကိုင်ဆောင်ကြွေးကြော်၍ အကြမ်းဖက် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးလူထုသပိတ် ချီတက်ခဲ့ကြသည်။
•    ပဲခူးတိုင်း၊ ကဝမြို့နယ် ပကဖ အဖွဲ့က အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ပြည်သူ ၁၅၀ ကျော်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံ တဝက်ချ အလေးပြုခဲ့ကြောင်း သိရသည်။
•    မန္တလေး၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ အင်အား ငါန်းဇွန် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနေ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင် အပါအဝင် အပြစ်မဲ့ကျေးရွာသား (၁၆၀)ကျော်ခန့် အပြစ်မဲ့သေဆုံးသွားခဲ့ခြင်းအတွက် မင်းအောင်လှိုင်နှင့်စစ်မိစ္ဆာတို့ ၏စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသောလုပ်ရပ်များကို အပြင်းအထန်ရှုံ့ချသည့်အနေဖြင့် အမေရိကန်ပြည် ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ ဆန္ဒပြကြသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ သွေးမအေးတဲ့ရွှေနွယ်သွေး သပိတ်စစ်ကြောင်းသည် ၂၀၂၃ခုနှစ်တွင် ကျရောက်သော အပျော်သင်္ကြန်မဟုတ်သည့် တော်လှန်သင်္ကြန်တွင် ရွှေနွယ်သွေးသံချပ်ဖြင့် စစ်အာဏာရှင် ကို တော်လှန်တိုက်ပွဲဝင်ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယနေ့ ဧပြီလ ၁၄ ရက် နံနက်ပိုင်းက ၂၀၂၁ခုနှစ်၊ သင်္ကြန်ကာလတွင် ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော် ၁၀ ဦး၏ နှစ်နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် လောင်းကစားဝိုင်းပြုလုပ်နေသည့် ပျူစောထီး ခေါင်းဆောင်ဆိုသူကို ယမန်နေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့၌ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေါင်းညီနောင် မြို့ပြ‌ပြောက်ကျားအဖွဲ့ (Peacocks Brother Urban Guerilla)မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူများရှိနိုင်ကြောင်း True Fighter မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။
•    ဧပြီလ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရဲစခန်းနှင့်ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်းပြီး ဒရုန်းယာဉ်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force - SSTF တာဝန်ခံ ကိုဖိုးဇေကပြောသည်။
•    ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ရွှေဘုံသာရွာရှိ စစ်ကောင်စီတပ်၏ ကင်းစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်ပူးပေါင်းအဖွဲ့များက ယနေ့ ဧပြီ ၁၄ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၄) တပ်ခွဲ (၂ )ထံမှ သိရသည်။
•    ဧရာဝတီတိုင်းတွင် PDF တပ်ရင်းတစ်ခု ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့၊ သတင်းပြန်ကြားရေး၏ လူမှုကွန်ရက်တွင် ယနေ့ ဧပြီလ ၁၄ ရက်၊ နေ့လယ်ပိုင်းအချိန်က ထုတ်ပြန် ထားသည်။
•    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းတွင် စစ်ဘေးရှောင်နေရသည့် လူဦးရေ ၂၅၀ ဦးကို ကျေးလက် မြေအဖွဲ့က သောက်သုံးရေနှင့် ထမင်း ဟင်းများ လှူဒါန်းခဲ့ကြောင်း ကျေးလက်မြေနာယက ဦးဇော်မင်းထိုက် က ပြောသည်။
•    ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးရပ်ကွက် ကျောင်းကြီးလမ်းပေါ်ရှိ မြို့နယ်ရေကစားမဏ္ဍပ်သို့ သင်္ကြန်ကာလအတွင်း ဌာနတစ်ခုလျှင် ဝန်ထမ်းနှစ်ဦး လာရမည်ဟု စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ က စာထုတ်ထားသည်ဟု သိရသည်။
•    တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်ရှိ မြိတ်-ထားဝယ် ကားလမ်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန် အကျနေ့တွင် စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲကို ဆန့်ကျင်သည့် စာသားများ ရေးဆွဲ ဆန္ဒပြကြကြောင်း ဒေသခံများထံက သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကရင်နီကုန်းကျေးရွာ အရှေ့ဘက်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA၊ PDF ပူးပေါင်း တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ သေနတ် ၃ လက် သိမ်းဆည်းရမိ KNLA ဆီကသိရသည်။
•    မြဝတီမြို့ အနီး ၃ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၉ ဦးသေပြီး လက်နက် ၁၁လက်နှင့် အတူလက်နက်ခဲယမ်းများရရှိခဲ့ကာ တိုက်ပွဲအတွင်း ရဲဘော် ၄ဦးကျဆုံးခဲ့ရကြောင်း Cobra Column က ထုတ်ပြန်သည်။
•    ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ရဲ့ သံချပ်ကာ ကား ၂ စီးနဲ့ ယာဉ်တန်းကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CNA နှင့် မဟာမိတ်တပ်များက ပူးပေါင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီ
•    ရန်ကုန်မြို့ရှိ မြို့လည်ရပ်ကွက်များအတွင်း ရေကစားသူများဖြင့်စည်ကားနေကြောင်း Yangon Media Group မှ စစ်ကောင်စီအကြိုက်ဝါဒဖြန့်ချိရေးသားထားသည်။
•    ရခိုင်ပြည်နယ်၊စစ်တွေမြိုရှိဦးဥတ္တမခန်းမတွင် ဧပြီ(၁၃)ရက်၊ သင်္ကြန်အကြိုနေ့မနက်ပိုင်းက ရခိုင်ရိုးရာနံ့ သာသွေးပွဲကျင်းပခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ထိန်လင်း နှင့် ဇနီး၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီးတို့ တက်ရောက်ခဲ့ကြောင်း Sky Net One News သတင်းတွင် ရေးသားထားသည်။
•    စစ်ကောင်စီ၏ နေပြည်တော် စစ်ရုံးချုပ် (ကြည်း၊ ရေ၊ လေ) မဏ္ဍပ်တွင် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြို) ၌ သွား ရောက် ဖျော်ဖြေခဲ့ကြသည့် ပိုင်တံခွန်၊ G Fatt၊ Floke Rose စသည့် အနုပညာရှင်များအပေါ် ဝေဖန်ရှုတ် ချမှုများ ထွက်ပေါ်ခဲ့သည်။
ဧပြီ ၁၄ ရက် သုံးသပ်ချက်
•    စစ်ကောင်စီမှ သင်္ကြန်ပွဲတော်မလာသည့် ဝန်ထမ်းများကို စာဆင့်ခေါ်၍လာခိုင်းကာ ၎င်းတို့ကျင်းပသည့် သင်္ကြန်လူစည်အောင် အတင်းအကျပ်ဖိအားပေးလုပ်ခိုင်းနေသည်ကို တွေ့ရသည်။
•    စစ်ကောင်စီတပ်များ ချင်းပြည်နယ်တွင် ချေမုန်းခံနေရပြီး သံချပ်ကားများပါ ဖျက်ဆီးခံနေရသည်အထိ ရှုံးနိမ့်နေသည်။စစ်ကောင်စီတို့ထုံးစံအတိုင်း ရှုံးလာပြီဆိုပါက လေယာဉ်ကို အားကိုးကာ အရပ်သားပြည်သူများပါမချန် ပစ်ခတ်တိုက်ခိုက်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required