ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် အချိန်ပိုင်းအတွင်း ယာဉ်မတော်တဆမှု၂ ခုဖြစ်ပွား

By 008 (မဇ္ဈိမ)
14 April 2023
ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် အချိန်ပိုင်းအတွင်း ယာဉ်မတော်တဆမှု၂ ခုဖြစ်ပွား
ဓါတ်ပုံ၊ဥသျှစ်ကုန်း အမြန်လမ်း မီးသတ်တပ်ဖွဲ့

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ ယနေ့ ဧပြီလ ၁၄ရက်တွင် အချိန်ပိုင်းအတွင်း ယာဉ်မတော်တဆမှုနှစ်ခု ဖြစ်ပွားကြောင်း ဥသျှစ်ကုန်း အမြန်လမ်းမ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၈နာရီခန့်တွင် မိုင်တိုင်အမှတ် (၆၈/၃)တွင် ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောင်းကူးတံတား လက်ရမ်းအား ဝင်တိုက်မိခြင်းနှင့် ၈ နာရီ ၂၀မိန်ခန့်တွင် မိုင်တိုင် အမှတ် (၆၉/၇)နှင့်(၇၀/၀)ကြားတွင် ယာဉ်တစ်စီး တိမ်းမှောက်ခြင်းတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုတို့ကို ဥသျှစ်ကုန်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က ကယ်ဆယ် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးပြီး ယင်းယာဉ်နှစ်စီး၌ ပေါ်ပါသူများ  ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required