မြိတ်မြို့၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံးဆုံးရှုံး

By ကိုရွှေမြိတ်(မဇ္ဈိမ)
13 April 2023
မြိတ်မြို့၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံးဆုံးရှုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ အင်းလေးမြိုင်စက်မှုဇုန် ချမ်းမြေ့သာယာရပ်ကွက်တွင် ယနေ့ ဧပြီလ ၁၃ ရက် မွန်းလွဲ ၂ နာရီက မီးလောင်မှုဖြစ်ပွားရာ နေအိမ် လေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများနှင့် ပရဟိတအဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ရာရပ်ကွက်တွင်နေထိုင်သူတစ်ဦးက “မီးက ဘယ်ကစပြီးလောင်တယ်ဆိုတာ မသိရသေးပါဘူး။ မီးသတ်တွေပြောတာကတော့ စက်ရုံကလွင့်လာတဲ့ မီးပွားကတဆင့် လောင်တယ်လို့တော့ ပြောတယ်”ဟု ဆိုသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး မီးသတ်ဦးစီးဌာနက မီးလောင်ရသည့် အကြောင်းအရင်းကို ထုတ်ပြန်ခြင်းမရှိ သေးဘဲ မီးလောင်မှုဖြစ်ပွားစဉ်အတွင်း အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်လေးလုံးမှာ ဓနိမိုး/ထရံကာ နေအိမ်များဖြစ်ကြောင်း ဒေသခံများထံမှသိရ သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly