နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၂ ဧပြီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၂ ဧပြီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လူမဆန်သည့် လုပ်ရပ်များအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ် သားသား ဝိုင်းဝန်းဆန့်ကျင်၍ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံး လုပ်ဆောင်ကြရန် NUCCက ထပ်မံတိုက်တွန်းလိုက်သည်။

· ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းတိုက်ခိုက်ခဲ့ပြီး ဒီလို အပြစ်မဲ့အရပ်သားတွေကို လူမဆန် ရက်စက်ကြမ်းကြုတ်စွာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် နိုင်ငံ တကာ ရာဇဝတ်မှုတွေကို လုံးဝလက်ခံခွင့်လွှတ်မှာမဟုတ်ဘဲ ထိရောက်ပြင်းထန်စွာ အရေး ယူဆောင် ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် တိုက်ခိုက် မှုအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြင်းထန်စွာကန့်ကွက် ရှတ်ချကြောင်း ထုတ်ပြန်လိုက်သည်။

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ ၁၀၀ ကျော်သေ ဆုံး ခဲ့ ရသော လေကြောင်း တိုက်ခိုက်ခံရမှု ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် PDF အလံများကို နိုင်ငံတစ်ဝန်း ဧပြီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၅ ရက် တိတိ တိုင်တစ်ဝက် လွှင့်ထူထားရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ညွှန်ကြားချက် ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ် ပဇီကြီးကျေးရွာ၌ ဧပြီ ၁၁ ရက်က ကလေးအများအပြား အပါအဝင် လူ ၁၅၀ ဦးထက်မနည်း တက်ရောက်ခဲ့သည့် ရပ်ရွာလူထုစုဝေးမှု အခမ်းအနားတစ်ခုကို စစ်ကောင်စီက ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်သည်။

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်၌ စစ်ကောင်စီက Mi-35 ရဟတ်ယာဉ် နှစ်စင်း ဖြင့် လေကြောင်းမှ ကင်းထောက်နေ၍ ကယ်ဆယ်ရေး ဆက် လုပ်၍ မရကြောင်း မြေပြင်တွင် ရှိနေသူများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ကြောင့် အသက် ၁၂ အရွယ် လူငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများ ကပြောသည်။

· စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာနှင့်ရွာသစ်ရွာ အကြားတွင် တိုက်ပွဲ ဖြစ်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၁ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

· အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာနှင့် အနီးဆုံးဖြစ်သည့် မုံရွာနာရီစင်တွင် "ယုန်သွေး မဟုတ်တဲ့ ဂဠုန်သွေး" ဟူသည့် ဘန်နာကို မုံရွာလူငယ်များစည်းရုံးမှ ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် ချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ် အင်အားစုက ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။

· ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဧပြီ ၁၂ ရက်၌ KPDF တပ်ဖွဲ့ဝင်များက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် သင်္ကြန် သံချပ် နှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြ သည်။

· ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံမြို့မရဲစခန်းအရှေ့တွင် မိုင်းပေါက်ကွဲသံကြားရကြောင်း ဒေသခံများထံက သိရသည်။

· နွေဦးတော်လှန်ရေးအတွင်း ကျရောက်မည့် ၂၀၂၃ ခုနှစ်တော်လှန်သင်္ကြန်နှင့် ပတ်သက်၍ Special Force Column - PDF Commando Battalion ကွန်မန်ဒို ရဲဘော်တပ်သားများ၏ ဆုတောင်း မေတ္တာရပ်ခံလွှာကို ဗွီဒီယိုဖိုင်မှ တစ်ဆင့်ထုတ်ပြန်လာသည်

· ရန်ကုန်မြို့တစ်နေရာရှိ လူကူးဂုံးကျော်တစ်ခုတွင် ယနေ့ ဧပြီ ၁၂ ရက် နံနက်ပိုင်းက “တစ်ရွာလုံးမီး လောင်နေ တာ ကို ဘာလို့ က နေတာလဲ” စာသားပါဘန်နာအား Yangon Revolution Force - YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များက သွားရောက်ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

· ရန်ကုန်မြို့၊ ကန်တော်ကြီးတွင် တော်လှန်လူငယ်များက ယနေ့ ဧပြီလ ၁၂ ရက်နေ့၌ အတာအိုးများဖြင့် တော် လှန်သင်္ကြန် လှုပ်ရှားမှုနှင့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ကျဆုံးခဲ့သည့် ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ဗကသများအဖွဲ့ချုပ်က မဟာအတာသင်္ကြန်အကြိုသပိတ်အနေဖြင့် ဧပြီလ ၁၁ ရက်နေ့တွင် ပေပင်ခုံ ရွာ၌ စာတန်းချိတ်ဆွဲခြင်း၊ စာသားရေးဆွဲခြင်းများပြုလုပ်သည်။

· စစ်ကိုင်းတိုင်း ကန့်ဘလူ၌ လူ ၁၀၀ ကျော်ထက်နည်း သေဆုံးသည့် မြန်မာ စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က ပြစ်တင် ရှုတ်ချသည်။

· အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းကနေ ဗုံးကျဲ ပြီး စက်သေနတ်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူရာချီ

သေဆုံးရသည့်ကိစ္စအတွက် ဝမ်းနည်းတုန်လှုပ်ရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ ၁၀၀ ကျော် သေ ဆုံးခဲ့သော လေကြောင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီလေတပ်မှ ပိုင်းလော့ ဗိုလ်ကြီး သန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်သော Yak-130 လေယာဉ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြ ထားသည်။

· မန္တလေးတိုင်း၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦး စုစုပေါင်း ၃ ဦး လိုက်ပါသော ကားကို ညောင်ဦး-မြင်းခြံလမ်းရှိ ကျောဇီ-တမိုက်သာ အကြားတွင် PDF က တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦးသေဆုံးကြောင်း သိရသည်။

· ပေါက်မြို့နယ်အတွင်းရှိ ပြည်သူ့ အခြေပြု ကျောင်းတစ်ကျောင်းတွင် တော်လှန်သင်္ကြန် သပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· ကြာအင်းဆိပ်ကြီးမြို့နယ် လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ကာ "သွေးစွန်းသင်္ကြန်" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· ကြို့ပင်ကောက်မြို့နယ် လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂနှင့် အထက ကြို့ပင်ကောက် ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ကြံ့ဖွတ်ပါတီ ရုံးနှင့် ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း ကြောင်း Chinland Defense Force - Hakha Council က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ လူထုလှုပ်ရှားမှုများတွင် ပါဝင်သူ၊ သပိတ်ခေါင်း ဆောင် ကိုမင်းလွင်ဦးကို ဖမ်းဆီးပေးနိုင်ပါက ငွေကျပ်သိန်း ၃၀၀ ပေးမည်ဟု ဧပြီ ၁၂ ရက်နေ့တွင် ဝရမ်း ကြော်ငြာကပ်ထားကြောင်း သိရသည်။

· မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြို့အဝင်တိုးဂိတ်တွင် ယနေ့ ဧပြီလ ၁၂ ရက် နံနက် ပိုင်းမှစတင်၍ စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် စစ်ဆေးရေးများ တင်းကြပ်နေသည်ဟု သိရ သည်။

· ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Happy စားသောက်ဆိုင်တွင် ဖမ်းဆီးခံရသည့် KIO / KIA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

· လားရှိုးလေယာဉ်ကွင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသမှ အဓိကကျသည့် လေယာဉ်ကွင်း တစ်ခုဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်၏ ပြောဆိုချက်ကို ကိုးကား၍ Yangon Media Group သတင်းတွင် ဖော်ပြထားသည်။

· စော်ဘွားများ၏ သမိုင်းကိုလည်း ဖော်ထုတ်ထိန်းသိမ်းသင့်သည်ဟု ယူဆသည့်အတွက် ဒေသတွင်းရှိ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုပြယုဂ်တစ်ခုဖြစ်သည် ဟော်နန်း ကို ရှေးမူမပျက်စေဘဲ မူလပုံစံ အတိုင်း ပြန်လည် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်ကပြောသည်။

ဧပြီ ၁၂ ရက် သုံးသပ်ချက်

· အကြမ်းဖက်လူသတ်စစ်ကောင်စီမှ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်နေပြီး ထပ်မံကျူးလွန်နိုင်သည့်အတွက် စစ်မက်ဖြစ်ပွားရာဒေသမှ ပြည်သူများ ဒေသခံခေါင်းဆောင်များမှ သတိကြီးစွာဖြင့် နေထိုင်ပြုမူရန် လိုအပ်သည်။

· လူသတ်အကြမ်းဖက်ဖက်မင်းအောင်လှိုင်နှင့်တကွ စစ်တပ်လော်ဘီများ စစ်တပ်ထောက်ခံသူများသည့် စစ်အာဏာသိမ်းမှုကို မထောက်ခံသည့် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်ကွပ်ရန် ကြံစည်နေပြီး လူမှုကွန်ရက်တွင် လူအများသေဆုံးမှုကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင် Profile ပြောင်းလဲသူများကို လိုက်လံဖမ်းဆီးသည်အထိ လူမဆန်စွာပြုမူနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly