နွေဦးတော်လှန်ရေးအတွက် ကျေးဇူးရှိသူတွေနဲ့ သမိုင်းတရားခံတွေ

နွေဦးတော်လှန်ရေးအတွက် ကျေးဇူးရှိသူတွေနဲ့ သမိုင်းတရားခံတွေ

ရုရှားအနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီကို လက်နက် ထောက်ပံ့မှုတွေ ရပ်တန့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ပဋိပက္ခအကျပ်အတည်းအတွင်းက လွတ်မြောက်နိုင်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ ဒါရက်ခ်ရှိုလက်က မတ်လ ၂၂ ရက်နေမှာ ပြောလိုက်ပါတယ်။

လက်ရှိအချိန်မှာ ရုရှားနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာရဲ့ ယုံကြည်အားအထားရဆုံး မိတ်ဆွေ ဖြစ်တာကြောင့် ရုရှားအနေနဲ့ ဒီလို အထောက်အပံ့ပေးမှုတွေ မလုပ်သင့်ဘူးလို့လည်း သူက ဆိုပါတယ်။

တကယ်လို့များ မြန်မာစစ်အုပ်စုတွေက လက်နက်တွေ ဝယ်ယူတင်သွင်းလို့ မရတော့ဘူး၊ ရုရှားက မြန်မာစစ်အုပ်စုအတွက် လက်နက် မထောက်ပံ့တော့ဘူးဆိုရင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ အလွန်ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာနဲ့ အတူတူပဲလို့လည်း ဒါရက်ခ်ရှိုလက်က ပြောလိုက်ပါတယ်။

နောက်ပြီးတော့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံထဲက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခြင်းအားဖြင့် မြန်မာစစ်အုပ်စု လက်နက်ဝယ်ယူဖို့ ပိုပြီး အခက်အခဲ ဖြစ်အောင် လုပ်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံထဲက လူပုဂ္ဂိုလ် ၈၀ ဦးနဲ့ အဖွဲ့အစည်း ၃၀ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required