ပြည်သူနဲ့တော်လှန်ရေးအဖွဲ့တွေကြား အဆက်ပြတ်အောင်လုပ်နေတဲ့ စစ်ကောင်စီရဲ့နောက်ထပ်ရွှေ့ကွက်

ပြည်သူနဲ့တော်လှန်ရေးအဖွဲ့တွေကြား အဆက်ပြတ်အောင်လုပ်နေတဲ့ စစ်ကောင်စီရဲ့နောက်ထပ်ရွှေ့ကွက်

မတ်လဒုတိယအပတ်အတွင်းမှာ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေသစ်ကို ထပ်မံထုတ်ပြန် လာခဲ့ပါတယ်။ အဲဒီနည်းဥပဒေထဲမှာပါဝင်တဲ့ အချက်အလက်တွေအရတော့ တော်လှန်ရေးအင်အားစုတွေအတွက် အထောက်အပံ့ဖြစ်စေမယ့် လမ်းကြောင်းမှန်သမျှကို အဓိကပိတ်ဆို့ဖို့ရည်ရွယ်ထားတာတွေ့ရပါတယ်။ 

အချိန်နဲ့ အမျှ အင်အားကြီးမားလာတဲ့ တော်လှန်ရေးအင်အားစုတွေကိုဟန့်တားနိုင်ဖို့အတွက် စစ်ကောင်စီဟာ နည်းလမ်း မျိုးစုံအသုံးချပြီး တားဆီးနေတာဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ လူသတ်မီးရှို့ပြနေပြီး လူထုကိုအကြောက်တရားသွင်းနေသလို မြို့ပေါ်မှာဆိုရင်လည်း ဥပဒေတွေအမျိုးမျိုးထုတ်ပြီး ပြည်သူတွေကိုဖိနှိပ်နေတာဖြစ်ပါတယ်။ 

NUG ၊ PDF အပါအဝင် တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ ဘယ်ကိစ္စမျိုးမဆို အွန်လိုင်းပေါ်မှာ Like တစ်ချက်ပေးမိတာ နဲ့ ထောင်တန်းချတဲ့အထိ စစ်ကောင်စီဘက်က ဖိနှိပ်လာခဲ့တာဖြစ်ပါတယ်။ အခုလည်း ဆက်သွယ်ရေး ကွန်ယက်နဲ့ ပတ်သက်ပြီး ပြည်သူတွေအပေါ်ကို အပြည့်အဝထိန်းချုပ်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်လာတာ တွေ့ရပါတယ်။

စစ်ကောင်စီကထုတ်ပြန်ခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေထဲမှာ ပြည်သူလူထုရဲ့ဆယ်သွယ်ရေးကို ကန့်သတ်ထိန်းချုပ်ရုံသာမက ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်တွေပါ တောင်းခံနိုင်တဲ့အချက်တွေကို ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required