ပရာယွတ်နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် ရေစက်ကုန်ပြီလား

ပရာယွတ်နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် ရေစက်ကုန်ပြီလား

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပါလီမန်ကိုဖျက်သိမ်းကြောင်း ကြေညာသွားခဲ့ ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ပါလီမန်ကိုဖျက်သိမ်းပြီး ရက်ပေါင်း ၄၅ ရက် ကနေ ၆၀ အတွင်း အထွေထွေ ရွေးကောက်ပွဲကျင်းပရမယ်လို့ဆိုထားတဲ့အတွက် လာမယ့်မေလထဲမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို မြင်တွေ့ရဖို့သေချာနေပါတယ်။

ဒီရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဆိုင်ရာ သေနင်္ဂဗျူဟာကို ပြန်လည် ချမှတ်ဖို့အတွက် အခွင့်အလမ်းပေးပြီး လမ်းကြောင်းပြောင်းသွားစေနိုင်တယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ်က

နိုင်ငံရေးသိပ္ပံပါမောက္ခလည်းဖြစ်၊ ထင်ရှားတဲ့ ထိုင်း-မြန်မာ ဆက်ဆံရေးကျွမ်းကျင်သူလည်းဖြစ်တဲ့ သီတီနန် ပေါင်ဆူဒီရက် ကပြောထားပါတယ်။ ဒါ့အပြင် မြန်မာ့အရေးလေ့လာသုံးသပ်သူတွေကလည်း ထိုင်းနိုင်ငံရဲ့နိုင်ငံရေး အပြောင်းအလဲဟာ အိမ်နီးချင်းမြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေတာပါ။ 

အထူးသဖြင့် မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ရဲ့ စစ်တပ်တစ်ပိုင်းအစိုးရပြုတ်ကျပြီး အရပ်သားအစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာပါက နွေဦးတော်လှန်ရေးအပေါ်

ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်တွေ ပြောင်းလဲလာနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေရှိနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly