ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဗားရ်တပ်စခန်းကို CNDF မှ တိုက်ခိုက်သိမ်းပိုက်

ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဗားရ်တပ်စခန်းကို CNDF မှ တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်ဘေးရှိ ဗားရ်ရွာစစ်ကောင်စီတပ်စခန်းကို ယနေ့ ဧပြီလ ၁၀ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် CNDF အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ 

“ဒီနေ့မနက် ၅ နာရီဝန်းကျင်လောက်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေ သွားပစ်ကြတာ။ တစ်နာရီခွဲလောက် ထိတွေ့ပစ်ခတ်မှုဖြစ်အပြီးမှာ စခန်းတစ်ခုလုံးသိမ်းဆည်နိုင်ခဲ့တယ်။

ကျွန်တော်တို့ဖက်က တစ်ယောက် ကျတယ်။

စစ်ကောင်စီတပ်ဖက်ကတော့ အနည်းဆုံး ၁၆ ယောက်တော့ သေမယ်။

လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိတာလည်း ရှိတယ်။

အနည်းဆုံး ၁၀ ယောက် အရှင်ဖမ်းမိထားတာရှိတယ်” ဟု ချင်းအမျိုးသား အဖွဲ့ချုပ် (CNO/ CNDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗားရ်စခန်းသိမ်းအပြီးတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာများနှင့် လေကြောင်းမှ လာရောက်ပစ်ခတ်နေ၍  ပြည်သူများအနေဖြင့် လတ်တလောခရီးမသွားကြရန်လည်း CNO/ CNDF မှ နိုးဆော်ထားသည်။ တိုက်ပွဲ အခြေအနေအသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly