AA က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး  လျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

AA က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး  လျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး  လျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

" ယနေ့ တိုင်းပြည်တဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲလျက်ရှိသည့် နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန် စစ်ဆင်တွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထု နှင့်တကွ အတူရပ်တည်ပြီး ဘုံရန္သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသည့်အပြင် တော်လှန်ရေးအင်အားစု များကိုလည်း လက္တြဲကူညီ ပံ့ပိုးပေးလျက်ရှိသည်" ဟု NUG ကာကွယ်ရေးက ဆိုသည်။

AA ၏ တော်လှန်ရေးခရီး ၁၄ နှစ်တာကာလအတွင်း ပေးဆပ်ခဲ့ရ သည့် ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထု တရပ္လုံး ကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ် ကြောင်း၊ လက်ရှိအချိန်တွင် ဘုံရန်သူ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းရန် စုစည်းညီညွတ်စွာ ကြိုးစားရမည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

" ဘုံရန်သူစစ်ကောင်စီအား  အပြီးသတ်ချေမှုန်းနိုင်ရန် မိမိတို့အားလုံးအတူတကြ စုစည်းညီညွတ်စွာဖြင့် ရုန်းကန်  ဖောက်ထွက် ကြိုးစားကြရမည်ဖြစ်ပြီး  ရက္ခိုင့်တပ်တော်အနေဖြင့်  ရက္ခိုင် ပြည်သူလူထု၏ နိုင်ငံရေး၊ အမျိုးသားရေး မျှော်မှန်းချက်များ ကိုလည်း တပါတည်းအပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း" ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ရက္ခိုင်ပြည်သူထူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်(AA)ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန် တိုက်ပွဲဝင်လာခဲ့သည်မှာ ၁၄ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ် သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required