ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ( ၄၆ )  ဆန္ဒထုတ်ဖော်

By မင်းထက် (မဇ္စျိမ)
09 April 2023
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ( ၄၆ )  ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၉ ရက် မွန်းလွဲပိုင်းအချိန်က "အညာက ကျတဲ့မျက်ရည်အတွက် လိပ်ပြာလုံဖို့ ငါတို့သင်္ကြန်ရေမပက်" စာသားပါ ဘန်နာအားကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၆)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly