ဧပြီလ ပထမပတ်အတွင်း  PDF တပ်ဖွဲ့ဝင် ၁၄ ဦး သတ်ဖြတ်ခံရ (ရုပ်/သံ)

By KMN(မဇ္ဈိမ)
08 April 2023
ဧပြီလ ပထမပတ်အတွင်း  PDF တပ်ဖွဲ့ဝင် ၁၄ ဦး သတ်ဖြတ်ခံရ (ရုပ်/သံ)

၂၀၂၃ ခုနှစ်၊ဧပြီလ (၇) ရက်နေ့အထိ ပထမပတ်အတွင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး အသတ်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့တွေက မဇ္ဈိမကိုပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊စိုင်နိုင်လေးရွာအနီးမှာစစ်ကောင်စီတပ်ဖမ်းဆီးထားတဲ့ဒေသခံငါးဦးကို ကယ်ဖို့သွားခဲ့ကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တယ်လို့ GZ Special Task Force တာဝန်ခံက မဇ္ဈိမကို ပြောပါတယ်။

ဧပြီလ ၅ ရက်နေ့၊မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာကျေးရွာအနီးက M7 PDF စခန်း လေကြောင်းနဲ့ ပစ်ခတ်စီးနင်းခံရပြီး ရဲဘော် (၇) ဦးကို မီးရှို့အသတ်ခံရတဲ့အနေအထားနဲ့ ဧပြီ ၆ ရက်နေ့ မနက်မှာပြန်လည်တွေ့ရှိခဲ့တယ်လို့ M 7 People's Defense Army ဒု-တပ်ရင်းမှူး ကိုမြတ်ကပြောပါတယ်။

တည်းဖြတ် /တင်ဆက် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required