ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

By ရောင်နီ (မဇ္စျိမ)
07 April 2023
ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကို ယမန်နေ့ ဧပြီလ ၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။  

"လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်" စာသားပါဘန်နာအားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) တို့မှ တော်လှန်လူငယ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ မဇ္ဈိမ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required