ယူရိုပြိုင်ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝရန် စတာလင်း ရုန်းကန်ရမည်

ယူရိုပြိုင်ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝရန် စတာလင်း ရုန်းကန်ရမည်

မတ် ၂၃၊ အင်္ဂလန်။               ။ မန်စီးတီးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား စတာလင်းသည် မန်ယူနှင့်ပွဲစဉ်တွင် ရရှိခဲ့သော ပေါင်ခြံဒဏ်ရာကြောင့် ခြောက်ပတ်ခန့် အနားယူရတော့မည်   ဖြစ်သည်။ ထို့ကြောင့် စတာလင်းသည် ဂျာမနီ၊ နယ်သာလန်တို့နှင့်ကစားမည့် အင်္ဂလန်အသင်း၏ ခြေစမ်းပွဲစဉ်များကို လွဲချော်မည် ဖြစ်သည်။

ဆေးစစ်ချက်များအရ စတာလင်းသည် ဧပြီလအကုန်အထိပင် ပြန်ကစားနိုင်ဦးမည်မဟုတ်သည့်အတွက် ယူရိုပြိုင်ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝရန် ရုန်းကန်ရဖွယ်ရှိနေသည်။

စတာလင်းမှာ အင်္ဂလန်အသင်း၏ အဓိက ကစားသမားတစ်ဦး ဖြစ်သည့်အတွက် ထိုသတင်းမှာ အင်္ဂလန်အသင်းနည်းပြ ဟော့ဒ်ဆန်အတွက် သတင်းဆိုးဖြစ်ခဲ့ရသည်။ သို့သော် စတာလင်းက ဇွန်လ ၁၀ ရက်နေ့တွင် စတင်မည့် ပြင်သစ် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ကြံ့ခိုင်မှု ပြည့်ဝစွာပါဝင်နိုင်မည်ဟု ယုံကြည်နေသည်။

စတာလင်းသည် မန်ယူနှင့်ပွဲစဉ်တွင် မာတာ၏ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရခဲ့ပြီး ပထမပိုင်း မပြီးခင်မှာပင် လူစားလဲခဲ့ရသည်။ ဒဏ်ရာအခြေအနေ မဆိုးရွားဟု မူလက ယူဆခဲ့သော်လည်း   ခြောက်ပတ်အထိ နားရမည်ဖြစ်သည့်အတွက် လာမည့်နှစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မန်စီးတီးအသင်းအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

စတာလင်းသည် ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များကိုလည်း လွဲချောမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly