အစ္စရေးဥပဒေပြောင်းလဲမှုနဲ့ ဆန္ဒပြပွဲများ | VOA On Mizzima

အစ္စရေးဥပဒေပြောင်းလဲမှုနဲ့ ဆန္ဒပြပွဲများ | VOA On Mizzima

စစ်သားတွေ ဆန္ဒပြပွဲတွေ မှာ ပါဝင်သင့်မသင့် ဆိုတာ အစ္စရေး နိုင်ငံရေး မှာ စိတ်ဝင်စားစရာ အ‌ကြောင်းအရာ တစ်ရပ် ဖြစ်လာပါတယ်။ သူတို့ ပါဝင်လာတာကြောင့်လည်း တရားရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဥပဒေချမှတ်မှာ ဆိုင်းငံ့ထားလိုက်ရကြောင်း ဝန်ကြီးချုပ် Benjamin Netanyahu က ကြေညာခဲ့ပါတယ်။ ဒီ ဥပဒေကြမ်းကြောင့် လူသောင်းချီ လမ်းတွေပေါ် ထွက်ခဲ့ကြပြီး၊ အလုပ်သမားတွေ ရဲ့ အထွေထွေသပိတ်ကြီးကြောင့် တိုင်းပြည် လုပ်ငန်းတွေကလည်း ယာယီ ရပ်တန့်သွားခဲ့ရပါတယ်။  ဒီ ဥပဒေ ကို ပြဌာန်းမယ်ဆိုရင် အရံတပ် က စစ်သားတွေ က တာဝန်ဆက်လက် ထမ်းဆောင်မှာ မဟုတ်ဘူး လို့ ဆိုကြပါတယ်။  ဂျေရူဆလမ် ကနေ Linda Gradstein ဗွီအိုအေအတွက် သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ဆက်ထားပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly