ကြံခင်းမြို့နယ်တွင် “စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်” စာတန်းကိုင်စွဲ ဆန္ဒပြ

By မင်းထက် (မဇ္စျိမ)
06 April 2023
ကြံခင်းမြို့နယ်တွင် “စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်” စာတန်းကိုင်စွဲ ဆန္ဒပြ

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်က "စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်"စာတန်းကို ကိုင်စွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည် ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly