အင်ဒိုနီးရှားက တရုတ်တံငါသည်များကို ငါးခိုးဖမ်းမှုဖြင့် တရားစွဲမည်

အင်ဒိုနီးရှားက တရုတ်တံငါသည်များကို ငါးခိုးဖမ်းမှုဖြင့် တရားစွဲမည်

ဂျာကာတာ၊ မတ် ၂၃ ။               ။ လွန်ခဲ့သည့်စနေနေ့က ဖမ်းဆီးခဲ့သော တရုတ်အလံလွှင့်ထူထားသည့် ငါးဖမ်းသင်္ဘောမှ တရုတ်တံငါသည် ရှစ်ဦးကို နာတူနာကျွန်းများအနီး ငါးခိုးဖမ်းမှုဖြင့် ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီးချုပ်က ပြောသည်။

တရုတ်ကမ်းရိုးတန်းအစောင့်တပ်၏ စွက်ဖက်မှုကြောင့် အင်ဒိုနီးရှားအာဏာပိုင်များက ဖမ်းမမိခဲ့သည့် တရုတ်ငါးဖမ်းသင်္ဘောကိစ္စကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆုံးအငြင်းပွားမှုအား ဖြေရှင်းရန် ဂျာကာတာက ပေကျင်းနှင့် ဆက်လက်တွေ့ဆုံညိနှိုင်းသွားမည်ဟု အင်ဒိုနီးရှား နိုင်ငံရေး၊ တရားရေးနှင့် လုံခြုံရေး ဆိုင်ရာ ညိနှိုင်းရေးဝန်ကြီးလူဟပ်ပန်ဂျိုက်တန်က ပြောသည်။

"အင်ဒိုနီးရှားနဲ့ တရုတ်က မိတ်ဆွေတွေပါ။ ဒါပေမဲ့ ပိုင်နက်နယ်မြေ တည်တံ့မှုကိုတော့ ထိန်းသိမ်းရပါလိမ့်မယ်"ဟု ၎င်းက စထရိတ်တိုင်းမ်သို့ မတ် ၂၂က ပြောသည်။ "ဒါ့ကြောင့်မို့ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်သွယ်နေပါတယ်"ဟု ၎င်းကဆိုသည်။

တရုတ်ကမ်းရိုးတန်းအစောင့်တပ်မှ သင်္ဘောတစ်စီး၏ အပြုအမူကို အင်ဒိုနီးရှားက ဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနောက် တနင်္လာနေ့က တရုတ်နှင့် အင်ဒိုနီးရှားကြား တင်းမာမှုမြင့်တက်ခဲ့သည်။ အင်ဒိုနီးရှားရေပိုင်နက်တွင် ငါးဖမ်းသင်္ဘောတစ်စီးကို ဖမ်းမမိစေရန် တရုတ်ကင်းလှည့်သင်္ဘောတစ်စင်းက အတင်းအကျပ်ကာကွယ်ခြင်းမှာ အချုပ်အခြာအာဏာပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အင်ဒိုနီးရှားက စွပ်စွဲထားသည်။

ယင်းငါးဖမ်းသင်္ဘော ကွယ်ဖေးသည် ထုံးစံအတိုင်း ဖမ်းနေကျနေရာတွင် ရှိနေခဲ့သည်ဟု တရုတ်က ခံယူထားသည်။ ယင်းပြောကြားချက်ကို အင်ဒိုနီးရှားက အပြင်းအထန်ဆန့်ကျင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly