ပြည်သူရှိနေသရွေ့ပါတီရှိနေမယ် (ဆောင်းပါး)

ပြည်သူရှိနေသရွေ့ပါတီရှိနေမယ် (ဆောင်းပါး)

တရားမဝင်ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကိုအသုံးချပြီး စစ်ကောင်စီက NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီစုစုပေါင်း ၄၀ ကိုဖျက်သိမ်းလိုက်ပါတယ်။ ဒီလိုအရေးတွေကြုံလာမယ်ဆိုတာ ဖမ်းဆီး ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီခေါင်းဆောင်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုတွက်ထားပုံရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံ ထားရစဉ်ကတည်းက “ပြည်သူရှိနေသရွေ့ပါတီရှိနေမယ်”ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကပြည်သူတွေကို သတင်းစကားပါးထားခဲ့တာဖြစ်ပါတယ်။ NLD နဲ့ အတူ ဖျက်သိမ်းခံရတဲ့ပါတီတွေထဲမှာ ဒေသအလိုက် လူထု ထောက်ခံမှုရထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) တို့လည်းပါဝင်ခဲ့တာဖြစ် ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly