လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
04 April 2023
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။
အဆိုပါလှုပ်ရှားမှု၌ “ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရား” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ဆန္ဒပြကြသည်။

စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံး လှုံ့ဆော်ရေး ဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာဈေးနှစ်ဈေးတွင် လူထုစည်းရုံး လှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူများထံမှ သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required