ပုလောရဲစခန်းကို PRDF ဗုံးကြဲတိုက်ခိုက် စစ်ကောင်စီတပ်သားနှင့် ရဲတပ်သား ၃ ဦးထိခိုက် ဒဏ်ရာရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
04 April 2023
ပုလောရဲစခန်းကို PRDF ဗုံးကြဲတိုက်ခိုက် စစ်ကောင်စီတပ်သားနှင့် ရဲတပ်သား ၃ ဦးထိခိုက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊  မြိတ်ခရိုင် ၊ ပုလောမြို့နယ်ရှိ မြို့မရဲစခန်း ဧပြီလ ၁ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများနှင့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့  (Palaw Regional Defense Force - PRDF)ထံမှ သိရသည်။

ပုလောမြို့ရဲစခန်းနှင့် အမှတ် (၁) တံတားထိပ် စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တို့ကို မတ်လ ၂၉ ရက် ညနေ ၃ နာရီ အချိန်၌ ရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ရဲစခန်းတွင် ဗုံးပေါက်ကွဲခြင်း မရှိသဖြင့်  ဧပြီလ ၁ ရက်နေ့ တွင် ဒုတိယအကြိမ်အဖြစ် အဆိုပါ ရဲစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်သည်ဟု  PRDF အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရဲစခန်းထဲမှာ ရှိနေတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ အပါဝင် သုံးယောက် ထိခိုက်တယ်၊ ဒရုန်းနဲ့ ဗုံးကြဲခံရတာ”ဟု ပုလောမြို့ ရဲစခန်းအနီး နေထိုင်သူ တစ်ဦးက ပြောသည်။

အလားတူ မတ်လ ၂၉ ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် (၁) တံတားစစ် ဆေးရေးဂိတ်တွင်တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း နောက်ဆက်တွဲ စုံစမ်းချက်အရ သိရသည်ဟု PRDF အဖွဲ့၏ ထုတ်ပြန်တွင်‌ ဖော်ပြထားသည်။

ပုလောမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ဒေသလည်း ဖြစ်သည်။

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required