လျှပ်စစ်မီးပြတ်လွန်းသော ရန်ကုန်တွင် YBS ယာဉ်များ CNG ဖြည့်မရ၊ မှတ်တိုင်များတွင် ခရီးသည်များပြုံ 

လျှပ်စစ်မီးပြတ်လွန်းသော ရန်ကုန်တွင် YBS ယာဉ်များ CNG ဖြည့်မရ၊ မှတ်တိုင်များတွင် ခရီးသည်များပြုံ 

ဆိုးဆိုးရွားရွားလျှပ်စစ်မီးပြတ်တောက်မှုနှင့်အတူ ရန်ကုန်မြို့အတွင်းပြေးဆွဲလျက်ရှိသည့် YBS ယာဉ်များမှာ ဂက်စ်မရခြင်းကြောင့် ပုံမှန်ကားပြေးဆွဲနိုင်ခြင်းမရှိခြင်းက ရန်ကုန်မြို့မှတ်တိုင်များတွင် ခရီးသည်များအချိန်ကြာမြင့်စွာစောင့်ဆိုင်း စုပြုံနေစေတော့သည်။ 

‘’ကားမှတ်တိုင်မှာခရီးသည်တွေပုံပြီးဒုက္ခရောက်တာတင်မကဘူး၊ကျွန်တော်တို့ကားသမားတွေလည်းဒုက္ခရောက်နေရတာပဲဗျ။ကျွန်တော်ဆိုရင်မနေ့ည ၂နာရီထဲကနေ ဂက်စ်ဆိုင်မှာတစ်ညလုံးတန်းစီရတာဒီနေ့မနက် ၁၀နာရီမှဂက်စ်ရတယ်။အခုထောက်ကြန့်ကနေဆူလေကိုမောင်းလာတယ်။အခုထောက်ကြန့်ပြန်ဖို့ ဂက်စ်မလောက်တော့ဘူး။ခြောက်ကွေ့မှာတင်ကားရပ်ပြီးဂက်စ်ဆိုင်မှာပြန်တန်းစီရတော့မှာ’’ဟု YBS (၃၅)ယာဉ်မောင်းတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ဂက်စ်ဆိုင်များတွင် မီးမမှန်ခြင်းကြောင့်ဂက်စ်ထည့်ရာတွင်တန်းစီးစောင့်ဆိုင်း နေရပြီးယခုရက်ပိုင်းအတွင်း ဂက်စ်ဆိုင်များမသန့်ခြင်းများ ကြောင့်ကားတချို့လမ်းလယ်ခေါင်တွင်ထိုးရပ်ရပ်သွား သည့်ဖြစ်စဉ်များလည်း ရှိနေသည် ဟုသိရသည်။

‘’တချို့ဆိုင်တွေက မီးစက်နိုးပြီးထည့်ပေးတယ်။တချို့ဆိုင်တွေ သန်လျှင်ကဂက်စ်ဆိုင်တွေဆိုရင် ဆိုင်ပိတ်ပြီဆိုပြီး တော့ကိုစာကပ် ထားတာဗျာ။ပြီးတော့ ကျွန်တော်တို့ကားတွေက လီဗာဘယ်လောက်နင်းနင်း ၁၅ အမ်ပီယာပဲတက်တယ်။ကားကမရုန်းဘူး။ ဒီမနက်တင်ပဲ လမ်းလယ်ခေါင်မှာကားထိုးရပ်သွားတယ်။ ခရီးသည် တွေကိုတော့ တခြားကားချိန်းပေးလိုက်တယ်။ကျွန်တော်တို့ကားကိုတော့ လမ်းလယ်ခေါင်မှာကားရပ်လို့ ယာဉ်ကြော ပိတ်ဆို့လို့ဆိုပြီး ဒဏ်ငွေ ၅၀,၀၀၀ တောင်းသွားတယ်ဟု’’ ဒဏ်ငွေဆောင်ပြီးပြန်လာသည့် YBSကားဆရာတစ်ဦးကဆိုသည်။

တရားဝင်စာရင်းများအရ လက်ရှိရန်ကုန်မြို့တွင်း ပြေးဆွဲနေသော သတ်မှတ် YBS ယာဉ်လိုင်းပေါင်း ၁၁၈ လိုင်းရှိနေပြီး နေ့စဉ် ယာဉ်စီးရေ ၃,၀၀၀ ထောင်ကျော်ဖြင့် ခရီသည်ပေါင်း ၁၃ သိန်းနီးပါးကို ပို့ဆောင်ပေးရန်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly