Project DragonFly မှ ဒေါ်လာ (၁.၄) သန်းကို လေကြာင်းရန်ကာကွယ်ဖို့အတွက် အသုံးပြုနေဟု NUG အသိပေး

Project DragonFly မှ ဒေါ်လာ (၁.၄) သန်းကို လေကြာင်းရန်ကာကွယ်ဖို့အတွက် အသုံးပြုနေဟု NUG အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ Project DragonFly ကရရှိထာတဲ့ ရန်ပုံငွေထဲက ဒေါ်လာ (၁.၄) သန်းကို လေကြောင်းရန်ကာကွယ်ရေး အတွက် အသုံးပြုနေသလို တန်ပြန်လေကြောင်းတိုက်ခိုက်ရေး ကဏ္ဍအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ စစ်ဘက်လေယာဉ်တွေကို ပစ်ချနိုင်ရေးအတွက် Project Dragonfly က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်း လက်ခံရရှိသုံးစွဲနေပြီး စစ်ဆင်ရေး အောင်မြင်မှုတွေကိုတော့ လုံခြုံရေးအရ သင့်လျော်တဲ့အချိန်တွေမှာ ထုတ်ပြန်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရရှိထားတဲ့ အဆိုပါရန်ပုံငွေတွေကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းနဲ့ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၈ သိန်း လျာထားသုံးစွဲနေတယ်လို့ ဆိုပါတယ်။

Project DragonFly နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မတ် ၃၀ ရက်စွဲနဲ့ အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပြီး  NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ Fundraiser တွေနဲ့ ပူးပေါင်းလုပ်ဆောင် ခဲ့တဲ့ ရန်ပုံငွေရှာဖွေရေးစီမံချက်တွေက ရရှိလာတဲ့ ရန်ပုံငွေတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည်နဲ့ စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိလက်ခံရရှိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly