ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ

By ချမ်းငြိမ်း
03 April 2023
ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းခြင်း  (၂)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ အခမ်းအနားသို့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံအများအပြား တက်ရောက် ခဲ့ကြပြီး နှစ်နှစ်တာကာလအတွင်း ကြွေလွင့်ခဲ့ကြသော ရဲဘော် ၁၉ ဦးအား ရည်စူး၍ သံဃာတော်များ ပင့်ဖိတ်ကာ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးကြသည်ဟု ဆိုသည်။

ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတင်တည်ထောင်ခဲ့သည့်နေ့မှ ယနေ့အချိန်အထိ တိုက်ပွဲ ပေါင်းများစွာဆင်နွှဲခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော ရဲဘော် များ နှင့် တိုင်းပြည်အတွက် အသက်ပေးခဲ့ရသော ရဲဘော်များစွာလည်း ရှိခဲ့သည်ဟု ဆိုသည်။

“အခုဆို ဦးဇင်းတို့ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ ကျဆုံးရဲဘော်ဟာ ၁၉ ယောက် ရှိနေပြီ၊ အခုချိန်ထိ တော်လှန်ရေးကိုစိတ်မဝင်စားတဲ့ ပြည်သူတွေလည်း ရှိနေကြတုန်းပဲ။ တော်လှန်ရေး စိတ်ဓာတ်အပြည့်ရှိနေကြသူတွေကလည်း တော်လှန်ရေးအချိန်ကာကလကြာမြင့်လာတော့ သွေးအေး နေကြပြီလား။ သွေးမအေးကြပါနဲ့ ဒီကျဆုံးရဲဘော်တွေအတွက်လည်း အာဇာနည်ကုန်းဆိုပြီး သီးသန့်လုပ် ပေးသွားဖို့ရာရှိတယ်၊ အဲဒီနေရာမှာလည်း ပါဝင်လှူဒါန်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ကျောက် လုံးကြီးဆရာတော်က မိန့်ကြားသည်။

ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ နှစ်နှစ်တာကာလအတွင်း ကျဆုံးခဲ့ရသောရဲဘော်များ အတွက် ရဲဘော်တုတ်ကြီးက စိုးရွှေဇယ်အမည်ဖြင့် “အကြွေစောတဲ့ ကြယ်ဖြူကလေး”ကဗျာအား သီကုံး ရေးသား ရွတ်ဆိုခဲ့သည်ဟု သိရသည်။

အဆိုပါ (၂)နှစ်မြောက်အခမ်းအနားတွင် ကနီမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်နှင့်အတူ CDM ဝင်လာသော ကိုမျိုးမြင့်အား ဂုဏ်ပြုငွေ ဆုချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required