မင်းကင်းမြို့နယ် မအူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
03 April 2023
မင်းကင်းမြို့နယ် မအူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်၊ မအူရွာကျေးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MKPDF-2 ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း MKPDF-2 သတင်းနှင့်ပြန်ကြား ရေးတာဝန်ရှိသူက ဆိုသည်။

“လက်နက်ငယ်တွေနဲ့အတူ ၆၀ မမ ခုနစ်လုံး၊ ၄၀ မမ သုံးလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ ဘက်က စနိုက်ပါလက်ချက်နဲ့ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
မအူရွာသည် ပျူစောထီးဆိုသူအများစုနေထိုင်သည့် ကျေးရွာဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁ ရက်နေ့ကလည်း ၆၀ မမ လေးလုံးနှင့်အတူ ဒရုန်းဖြင့် အီနာဂါလေးလုံးချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် အမှတ်(၁၁) တပ်ရင်း၊ မင်းကင်းနှင့်မဟာမိတ်တပ်ဖွဲ့ KG တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required