မြန်မာနိုင်ငံရေး အဖြေရှာနိုင်ဖို့  မြန်မာကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ပြော

မြန်မာနိုင်ငံရေး အဖြေရှာနိုင်ဖို့  မြန်မာကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ပြော

မြန်မာနိုင်ငံရေးပဋိပက္ခများက ခက်ခဲရှုပ်ထွေးလှပြီး၊ အလျင်အမြန် ဖြေရှင်းနိုင်မယ်လို့ မမျှော်လင့်ထားသလို မြန်မာနိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်အောင် မြန်မာအစိုးရကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမှာဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ကောန်ကင်ဟွမ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့  ပြဿနာတွေကို အဖြေရှာဖို့ လုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံက ဦးဆောင်ရမှာ ဖြစ်ကြောင်း အာဆီယံရဲ့ ကမ္ဘောဒီးယား အထွေထွေ အတွင်းရေးမှူးချုပ်က မကြာသေးမီက ထိုင်းနိုင်ငံသို့ ရောက်ရှိတဲ့ ခရီးစဉ်အတွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်က ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရ ဆိုသောမူဝါဒအတိုင်း ရပ်တည်သွားမှာဖြစ်ကြောင်း၊ ဒါပေမယ့်လည်း မြေပြင်မှာ အကြမ်းဖက် မှုများ ရပ်တန့်နိုင်စေဖို့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် ကောန်ကင်ဟွမ် "မြန်မာပြည်သူတွေဟာ သူတို့ရဲ့အနာဂတ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ် ရမှာဖြစ်တယ်။ အာဆီယံအဖွဲ့ကြီးဟာ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာအောင် စီစဉ်ဆောင်ရွက်ရတာတွေနဲ့ အခြား ကူညီတွေသာ လုပ်ပေးနိုင်မှာဖြစ်တယ်" လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly