ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီသပိတ်ကော်မတီမှ (၃၉) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

By မင်းထက် မဇ္စျိမ
02 April 2023
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီသပိတ်ကော်မတီမှ (၃၉) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ယနေ့ ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်ခဲ့သည်ဟု သိရသည်။

“စစ်အာဏာရှင်ရဲ့ သွေးစွန်းလက်အောက်ကို ငါတို့တိုင်း ပြည်အရောက်မခံနဲ့” စာတန်းကိုင်ဆောင်ကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီးသပိတ်ကော်မတီ၏ (၃၉)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်သည်ဟု သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required