ပြာပုံကြားက ရက်ကန်းခတ်သံ (ရုပ်/သံ)

By KMN မဇ္ဈိမ
02 April 2023
ပြာပုံကြားက ရက်ကန်းခတ်သံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ထူးကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂၀ ရက်နေ့မှာ စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့ပါတယ်။

ထူးကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ခဲ့ပြီး လက်ရက်ကန်းစင် ၁၀၀ ကျော်နဲ့ စက်ရက်ကန်းစင်တွေ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

လက်ရှိမှာတော့ စေတနာရှင် အလှူရှင်တွေရဲ့ လှူဒါန်းခြင်းကြောင့် လက်ရက်ကန်းစင်လေးတွေ ပြန် လည် လည်ပတ်နေပါပြီ။ 

ထူးကြီးကျေးရွာနဲ့ အနီးအနားကကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ခဲ့တာကြောင့် လက်ရက် ကန်းစင်တွေ အပါအဝင် နေအိမ်၊ အစားအသောက်၊ ဆေးဝါးရိက္ခာတွေ လိုအပ်နေတယ်လို့ S&C မီးဘေး ၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required