ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း (၇၅၄)ရက်မြောက် ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
02 April 2023
ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း (၇၅၄)ရက်မြောက် ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး (၇၅၄)ရက်မြောက်အဖြစ် ဧပြီလ ၂ ရက် ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” စာတမ်းကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေး ပြုခဲ့ကြကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည်  ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြနေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required