ဆားတောင်ရဲစခန်းကို PAFD နှင့်မဟာမိတ်များ ပစ်ခတ်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးဟုဆို

By 007 (မဇ္စျိမ)
02 April 2023
ဆားတောင်ရဲစခန်းကို PAFD နှင့်မဟာမိတ်များ ပစ်ခတ်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ရာ ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များထံမှ သတင်းရရှိသည်။

ဆားတောင်မြို့ ရဲစခန်းအပေါက်ဝတွင် ခရီးသည်တင်ယာဉ်များအား စစ်ဆေးပြီး ငွေတောင်းနေသော ရဲတပ်ဖွဲ့ဝင်များကို လက်နက်ငယ်များဖြင့် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People’s Army To Fight Dictatorship (PAFD) အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“အဲဒီမှာ ရဲခွေး(ရဲတပ်သား) ၁၅ ကောင်လောက်ရှိတာ၊ သူတို့က မနက်အစောကြီးဆိုရင် ခရီးသွားကားတွေ ကို ပိုက်ဆံထွက်ထွက်ကောက်တယ်၊ အဲဒီအချိန်မှာ ကျွန်တော်တို့က ဝင်ပစ်တာ၊ သူတို့က နှစ်ယောက် သုံး ယောက်တစ်တွဲစီ ပိုက်ဆံ ထွက်ထွက်ကောက်တာ အဲဒီအချိန်မှာ လှမ်းပစ်တာ” ဟု ၎င်းကဆိုသည်။

ပစ်ခတ်မှုကြောင့် ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း မဟာမိတ်တပ်ဖွဲ့များဘက်က သတင်းထုတ် ပြန်ချက်ရှိသော် လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း မဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD) နှင့် PADF တပ်ခွဲ DKPDF-MMU၊ People’s Knight Defence Force Myinmu(PKDF MMU)၊ DBBF-MMU တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

PAFD နှင့် မဟာမိတ်တပ်ဖွဲ့များသည် ပြီးခဲ့သည့် မတ်လ၂၉ ရက်နေ့ကလည်း စစ်ကိုင်း-မုံရွာကားလမ်း မြင်းမူမြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာ‌သော ကားတစ်စီးအား ပဒေသာမိုင်းအလုံး ၃၀ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#စစ်ကိုင်းမြို့နယ်

#ဆားတောင်ရဲစခန်း

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly