NUG ရဲတပ်ဖွဲ့နဲ့ ချင်း ပြည်သူ့ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဥပဒေစိုးမိုးရေး ဆောင်ရွက်မယ် (ရုပ်/သံ)

By ရွှေနွယ် (မဇ္ဈိမ)
31 March 2023
NUG ရဲတပ်ဖွဲ့နဲ့ ချင်း ပြည်သူ့ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဥပဒေစိုးမိုးရေး ဆောင်ရွက်မယ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊  ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ အတူတကွ နက်နက်ရှိုင်းရှိုင်းပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေး၊ လေ့ကျင့်သင်ကြားရေးနဲ့ သတင်းဖလှယ်ရေးကိစ္စရပ်တွေကို လုပ်ဆောင်သွားမယ်လို့ NUG-MOHAI က မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။ 

ဒီလိုပူးပေါင်းဆောင်ရွက်ရတာဟာ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖက်ဒရယ်ရဲတပ်ဖွဲ့တွေ ပေါ်ပေါက်လာစေဖို့ ရည်မှန်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ 

လက်ရှိမှာလည်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့နဲ့ NUG ပြည်သူ့ရဲတပ်ဖွဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး ထန်တလန်၊ ဖလန်းနဲ့ တီးတိန်မြို့နယ်တွေမှာလည်း NUG ရဲတပ်ဖွဲ့ကနေ သင်တန်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုပ်ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

တင်ဆက်၊ တည်းဖြတ် − ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly