တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်တိုး (ရုပ်/သံ) 

By KMN (မဇ္ဈိမ)
31 March 2023
တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်တိုး (ရုပ်/သံ) 

တနင်္သာရီတိုင်းအတွင်းမှာ မတ်လ ပထမပတ်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်ပွားလာကာ စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့နေတာကြောင့် စစ်ဘေးရှောင်ပြည်သူဦးရေ ၁၀,၀၀၀ ကျော်တိုးလာတယ်လို့ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က မတ်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

တနင်္သာရီတိုင်းအတွင်းမှာစာရင်းကောက်ယူရသလောက် မတ်လကုန်အထိစစ်ဘေးရှောင်အရေအတွက် ၄၀,၀၀၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေပေါ်မူတည်ကာ စစ်ဘေးရှောင်အတိုးအလျော့ရှိနေတယ်လို့ ဒေါနတနင်္သာရီ အဖွဲ့ မြေပြင်တာဝန်ခံက ပြောပါတယ်။ 

ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ပုလောမြို့နယ်မှာ စစ်ဘေးရှောင် ၃၀,၀၀၀ ဝန်းကျင်နဲ့ အများဆုံးရှိနေပါတယ်။ 

စာတည်း - သန့်ဇော်(သန်လျင်)
ရုပ်သံတင်ဆက်၊တည်းဖြတ်- KMN 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly