တာမွေမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ (ရုပ်သံ)

By စိုင်းခန့် (မဇ္စျိမ)
30 March 2023
တာမွေမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ (ရုပ်သံ)

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် တော်လှန်လူငယ်များက ယနေ့ မတ်လ ၃၀ ရက်နေ့ ညနေ ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်၊ ကျားကွက်သစ်လမ်းပေါ်တွင် S.G.M Team မှ လူငယ်များက “ တော်လှန်ပုန်ကန် ရန်ကုန် သင်္ကြန်” စာတန်းကိုင်ဆွဲပြီး စစ်အာဏာရှင်ကြွေးကြော်သံများဟစ်ကြွေးကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ် သည်။

ရန်ကုန်မြို့တွင်နေထိုင်သည့်ပြည်သူများ ဖက်ဆစ်စစ်တပ်ပြုလုပ်သောသင်္ကြန်ကို တော်လှန်ပုန်ကန်ရန် ရည်ရွယ်ကာ ဆန္ဒပြပွဲကိုပြုလုပ်ခြင်းဖြစ်ကြောင်း S.G.M Team က ပြောသည်။

မကြာခင်ကျရောက်တော့မည့် မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို အာဏာသိမ်းစစ်ကောင်စီက ကြီး ကျယ်ခမ်းနားစွာ ကျင်းပရန် စီစဉ်နေသော်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အဖွဲ့အစည်းများနှင့်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တော်လှန်သင်္ကြန်အဖြစ်သာ ဆင်နွှဲကြရန် တိုက်တွန်းထားသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly