ရွှေဘိုမြို့ ကားကြီးကွင်းအနီး  ၂ နေရာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား 

By 008 (မဇ္ဈိမ)
28 March 2023
ရွှေဘိုမြို့ ကားကြီးကွင်းအနီး  ၂ နေရာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား 

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ ကားကြီးကွင်းအနီးတွင် မတ် ၂၈ရက်၊ နံနက်ပိုင်းက နေရာ နှစ်ခု၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် ၂၀ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းအထဲမှ ဆေးရုံ အရောက်တွင် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်းသိရသည်။ 

ကာကြီးကွင်းအနီးက တံတားပေါ်နှင့် ကားကြီးကွင်း မြောက်ဘက်လမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

"တံတားပေါ် က အရင်ပေါက်ကွဲတာ။ အဲဒီမှာ ထိခိုက်သူတွေကို ကူညီပေးနေတုန်း မြောက်ဘက်က ထပ်ပေါက်တာပဲ။"ဟု ဒေသခံတစ်ဦးကပြောသည်။ 

ကလေးငယ် နှစ်ဦးအပါအဝင် အမျိုးသား ၁၂ဦး၊အမျိုးသမီး ရှစ်ဦးတို့ကိုရွှေဘို ဆေးရုံကြီးသို့ လူမှုကူညီရေး အသင်းတစ်ခုက ကူညီပို့ဆောင်ပေးခဲ့ပြီး ဆေးရုံအရောက်တွင် တစ်ဦးသေဆုံးခဲ့ပြီး စိုးရိမ်ရသည့် လူနာ ခြောက်ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ 

မန္တလေး - ရွှေဘိုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများ နေ့စဥ်နီးပါး ဖြစ်ပွားလျှက်ရှိကြောင်းသိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly