မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တော်လှန်ရေး အရွေ့ဆိုင်ရာများ ဟောပြော

By လွှမ်းမိုး မဇ္ဈိမ
27 March 2023
မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တော်လှန်ရေး အရွေ့ဆိုင်ရာများ ဟောပြော

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် တပ်ရင်းတစ်ခုတွင် မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီက နိုင်ငံရေး၊ တော်လှန်ရေးအရွေ့ဆိုင်ရာများ ဟောပြောပွဲတစ်ခုကို မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ နိုင်ငံရေးလမ်းပြမြေပုံ  နှင့် အမိန့်ပေးစနစ်နဲ့ စစ်သည်ကျင့်ဝတ်အကြောင်း စသည်ဖြင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

“ဒီတော်လှန်ရေးမှာ ထောက်တိုင်အသီးသီးရှိကြတယ်။ ဒီထောက်တိုင်တွေ အတူယှဉ်တွဲသွားကြဖို့ လိုအပ် တယ်၊ အထူးသဖြင့် နိုင်ငံရေးနဲ့စစ်ရေးပေါ့။ ပထမတစ်ခုက ရဲဘော်တွေအနေနဲ့ အင်တာနက်လိုင်း၊ ဖုန်း လိုင်းမရတဲ့အခြေနေမှာ လက်ရှိဖြစ်နေတဲ့ တော်လှန်ရေးအခင်းကျဉ်းတွေ ဘယ်လိုဖြစ်နေပြီလဲ ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာ ပြန်မျှဝေလိုတဲ့ရည်ရွယ်ချက်။

ဒုတိယအနေနဲ့ ရဲဘော်တွေကို သွားချင်တဲ့ စနစ် အကြောင်း၊ အဲဒီစနစ်ကိုသွားတဲ့အခါ ပြည်သူကိုရှေးရှုဖို့ရယ် စစ်ရေးကျင့်ဝတ်တွေ အရေးကြီးပုံတွေကို မျှဝေလိုတဲ့ရည်ရွယ်ချက်နဲ့ ဟောပြောဖြစ်တာပါ”ဟု မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီမှ မချောစုစံက ပြောသည်။

မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူလူထု၊ ပြည်သူ့အုပ်ချုပ် ရေး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား နိုင်ငံရေးအသိပညာများ မျှဝေလျက်ရှိကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required