ကိုချမ်းမြေ့ကျော် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် ကျေးရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္စျိမ)
27 March 2023
ကိုချမ်းမြေ့ကျော် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် ကျေးရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာပေါင်းစုံသပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး ကိုချမ်းမြေ့ ကျော် ကျဆုံးခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ် ကျေးရွာပေါင်းစုံသပိတ်ကို ယနေ့ မတ်လ ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီ နှင့် ဒေသခံပြည်သူများပူးပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ချင်းတွင်းတံတားအနောက်ဘက် ယာကြီး - ကလေးလမ်းနှင့် ပုသိမ် - မုံရွာ လမ်းဆုံတွင်ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၌ စစ်ကောင်စီတပ်မှ အကြမ်း ဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကိုချမ်းမြေ့ကျော် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ယနေ့တွင် ရွာပေါင်းစုံသပိတ်ကော်မတီဝင်များနှင့် မိသားစုဝင်များမှ ကိုချမ်းမြေ့ကျော်နှင့်တကွ ကျဆုံးသွားခဲ့ရသော အာဇာနည်များအတွက်ရည်စူးကာ သံဃာတော်များအား ဆွပ်ကပ်ခြင်း၊ နဝကမ္မ အလှူငွေများ လှူဒါန်းခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် အာဇာနည်အုတ်ဂူသို့ ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး အလေးပြုခဲ့ကြကာ တော်လှန်လူငယ်များမှ တော်လှန်ကဗျာများရွတ်ဆို၍ နိုင်ငံရေးတရားများလည်း မျှဝေခဲ့ကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required