စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားသည့် KNDF B-10 ရဲဘော် ၂ ဦး၏စျာပန 

By ကိုဇာနည် (မဇ္ဈိမ)
25 March 2023
စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားသည့် KNDF B-10 ရဲဘော် ၂ ဦး၏စျာပန 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ဒေါ​ညေးခူကျေးရွာ၊ ဒေါတမကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ရင်း KNDF B-10 မှ ရဲဘော်နှစ်ဦး ကျဆုံးသွားခဲ့ရသည်ဟု သိရသည်။ 

အဆိုပါကျဆုံးသွားသည့် KNDF B-10 မှ ရဲဘော်နှစ်ဦးမှာ ရဲဘော်နိုဘယ်နှင့် ရဲဘော်ခူးဦးရယ်တို့ဖြစ်ပြီး ရဲဘော်ခူးဦးရယ်သည် မတ်လ ၂၁ ရက်နေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ကာ ရဲဘော်နိုဘယ်သည် မတ်လ ၂၂ ရက်နေ့တွင် ကျဆုံးသွားခြင်းဖြစ်သည်ဟု KNDF B-10 က ယမန်နေ့ မတ်လ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ 

တိုင်းပြည်နှင့် လူမျိုးအတွက် အကြမ်းဖက်စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်ခူးဦးရယ် နှင့် ရဲဘော်နိုဘယ် တို့၏ စျာပနကို ကရင်နီပြည် တစ်နေရာတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး KNDF တပ်ရင်းအမှတ် (၁၀)မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူမှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required