ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြ 

By ပါခွီး (မဇ္စျိမ)
24 March 2023
ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မတ်လ ၁၉ရက် ယနေ့တွင်ဆန္ဒပြကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ရွေးကောက်ပွဲကိုတိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကိုင်စွဲချီတက်” စာတန်းကိုင်စွဲပြီး တောင်ယာလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော တောင်သူများနှင့်အတူပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြခြင်းဖြစ်သည်။ 

ယနေ့သည် ရွာပေါင်းစုံသပိတ်ကော်မတီ၏ ဆန္ဒပြပွဲ ရက်ပေါင်း ၇၄၅ ရက်မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required