ဘောလခဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်ဗုံးကြဲ၊ ပြည်သူ ၂ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရဟုဆို 

By ကိုဇာနည် (မဇ္ဈိမ)
24 March 2023
ဘောလခဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်ဗုံးကြဲ၊ ပြည်သူ ၂ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရဟုဆို 

ကရင်နီပြည်၊ဘောလခဲခရိုင်အတွင်း မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူများရှိရာ နေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှ်ိခဲ့ကြောင်း ဘော်လခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Bawlakhe PDF က သတင်းထုတ်ပြန်သည်။

ဒေသခံပြည်သူများလုပ်ငန်းလုပ်ဆောင်နေသော ‌လုပ်ငန်းနေရာတခုကို ယမန်‌နေ့ မတ်လ ၂၃ ရက်ညနေ ၄ နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီကတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှ်ိခဲ့သည်ဟု Bawlakhe PDF က ထုတ်ပြန်သည်။

ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာအနီးတွင် မတ်လ၁၆ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီနှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား စစ်ရေးတင်းမာလျက်ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွာအား လက်နက်ကြီးနှင့်နေ့စဉ် ပစ်ခတ်လျက်ရှိပြီး ထိုပစ်ခတ်မှုများကြောင့် အိမ်ခြေ ၂၀ လုံးနှင့် ဘုန်းကြီးကျောင်းတကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွာမှပြည်သူများမှာ ဘေးလွှတ်ရာသို့ ရွာလုံးကျွတ်ထွက်‌ပြေးတိမ်းရှောင်နေရပြီး အခက်အခဲများကြုံတွေ့နေရကြောင်း Bawlakhe PDF က အသိပေးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly