ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂)နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲပြုလုပ်မည်

By မောင်ခက်နွေ (မဇ္ဈိမ)
23 March 2023
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂)နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲပြုလုပ်မည်

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ်ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ ကြေညာ ထား သည်။

ဆွေးနွေးပွဲကို မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်ပြီး NUCC ၏ ဖေ့စ်ဘုတ်စာမျက်နှာ၊ NUG ၏ ဖေ့စ်ဘုတ်စာမျက်နှာ၊ Mizzima News In Burmese ဖေ့စ်ဘုတ်စာမျက်နှာနှင့် DVB TV အပါ အဝင် အခြားသတင်းဌာနများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စတင်ထုတ်ပြန်ကြေညာခဲ့ပြီး နောက် ပြန်လည်သုံးသပ်ပြင်ဆင်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ သည့် ပထမအကြိမ် ပြည်သူ့ညီလာခံတွင် အတည်ပြုခဲ့သည်။

ပဋိညာဉ်တွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး အစိတ်အပိုင်း(၁)မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသွား မည့် နိုင်ငံရေးလမ်းပြမြေပုံ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးများ အဓိကပါဝင်သည်။ 

အစိတ်အပိုင်း(၂)တွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းရန်နှင့် အစိုးရဖွဲ့ စည်းရန် အခြေခံရမည့် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံများကို ဖော်ပြထားသည်။

ပဋိညာဉ်ကိုရေးဆွဲခဲ့ရသည့် နောက်ခံအခြေအနေများ၊ စဉ်းစားချက်များ၊ မည်သို့ ညှိနှိုင်းဆွေးနွေးအတည် ပြုခဲ့ရသည်ဟူသည့်ဖြစ်စဉ်များကို ပဋိညာဉ်စတင်ရေးဆွဲစဉ်ကတည်းကပါဝင်ခဲ့ကြသည့် ခေါင်းဆောင် များ၏ ဆွေးနွေးသုံးသပ်မှုများကို တင်ပြသွားရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခြင်းဟု သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly