မြိတ်ခရိုင် တပ်ရင်း(၂)၏ အပတ်စဉ် ၆ စစ်သင်တန်းဖွင့်ပွဲ ပြုလုပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
23 March 2023
မြိတ်ခရိုင် တပ်ရင်း(၂)၏ အပတ်စဉ် ၆ စစ်သင်တန်းဖွင့်ပွဲ ပြုလုပ်

 တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ လွတ်မြောက်နယ်မြေတွင် တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း (၂) ၏ အပတ်စဉ် (၆) စစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း(၂)၏ သင်တန်းအပါတ်စဉ် (၆) သင်တန်းဖွင့်ပွဲ ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးနိုင်ကောင်းရွတ်မှပေးပို့သည့် သဝဏ် လွှာအား တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးတာဝန်ခံမှဖတ်ကြားပြီးဖွင့်လှစ်ခဲ့သည်ဟု သိရ သည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ဖြစ်ပြီး တိုက်ပွဲများ လည်း မကြာခဏဆိုသလို ဖြစ်ပွားလျှက်ရှိသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly