ပုလောမြို့နယ် မင်းထိန်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၃ ဦးသေဆုံး

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
23 March 2023
ပုလောမြို့နယ် မင်းထိန်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၃ ဦးသေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်နှင့်ပဝတ်ဖျားကျေးရွာအကြား တွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မတ်လ ၂၁ ရက်နေ့က မဟာမိတ်ပူးပေါင်း တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၏ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့စဉ် နှစ်ဖက်ထိတွေ့အပြန်အလှန် ၂၅ မိနစ်ခန့် ပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

မြိတ်ခရိုင် တပ်ရင်း(၁)မှ ပြန်ကြားရေးတာဝန်ခံက“တိုက်ပွဲမှာ စစ်ကောင်စီဖက်က ၁၀ ဦးကျော် သေတယ်၊ အများကြီးလည်း ထိခိုက်ဒဏ်ရာရတယ်”ဟု ပြောသည်။

ယင်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း၊ KNDO ၊ King Cobra Force (ပ.က.ဖ)၊ KPDF နဂါးမင်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly