UMCD ရဲ့ ၂ နှစ်ပြည့်တွင် ပြည်သူတွေ လက်တွဲကူညီပေးရန်တိုက်တွန်း 

By မောင်ခက်နွေ (မဇ္ဈိမ)
23 March 2023
UMCD ရဲ့ ၂ နှစ်ပြည့်တွင် ပြည်သူတွေ လက်တွဲကူညီပေးရန်တိုက်တွန်း 

ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတွေအနေဖြင့် UG တွေ မြို့ပေါ်မစ်ရှစ်များဆောင်ရွက်ရာ၌ UG တွေနှင့်အတူ လက်တွဲ ကူညီပေးရန် ရန်ကုန်UG အဖွဲ့တစ်ခုဖြစ်သည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစု (UMCD)က မဇ္ဈိမကို ပြောသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစု(UMCD) ရဲ့ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည့်  ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ပြောကြားခြင်းဖြစ်သည်။ 

ပေါက်ကွဲသံတွေကြားပြီးနောက် စစ်ကောင်စီတပ်သားတွေ ထိခိုက်တဲ့ သတင်းတွေတက်လာပါက ပြည်သူတွေအနေနဲ့ အားတက်တာကိုမြင်တွေ့ရသလို ထိုပေါက်ကွဲ မှုရဲ့နောက်ကွယ်တွင် UMCD အနေနဲ့ စတေးမှုတွေ အခက်အခဲတွေ အများကြီးရှိနေတယ်လို့ UMCD ရဲ့  ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

“ရန်ကုန်မြို့ပြကြီးမှာ ပြည်သူတွေအနေနဲ့   UG တွေကိုကူညီပါ။ လက်တွဲပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ဆိုသည်။ 

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က မှော်ဘီတိုးဂိတ်အနီးရှိ လမ်းသွားလမ်းလာ ပြည်သူများထံမှ ခြိမ်းခြောက် ငွေညှစ်လျက်ရှိသည့် ရှောင်တခင် စစ်ဆေးရေးနေရာအား အ‌ဝေးထိန်းမိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ 

ထို ဖောက်ခွဲမှုတွင် စစ်ကောင်စီတပ်လက်အောက်ခံ ယာဥ်ထိန်းရဲတစ်ဦး ထိခိုက် ဒဏ်ရာရပြီး အရေးပေါ်လူနာတင်ကားနှင့် အကြမ်းဖက်စစ်ကားများ ‌ရောက်ရှိလာခဲ့သည်။ 

ဒါ့အပြင် ၂၀၂၂ ခုနစ် မေလ ၂၃ ရက်နေ့ညအချိန်တွင် အင်းစိန်ထောင်အတွင်းရှိ တော်လှန်ရေး ရဲဘော်များအားလုံး အားတက်စေရန်နှင့် စိတ်ဓာတ်ကျခြင်း မရှိစေရန် UMCD အင်အားစုမှ ဗုံးသုံးကြိမ်ဖောက် ဖောက်ခွဲခဲ့သေးသည်။ 

"Mission တွေနဲ့ပတ်သက်ပြီးတော့ ပြောရတာတွေကတော့ limitation တွေရှိနေပါတယ်။ Mission သတင်းတွေကို ကျနော်တို့ Page မှာထုတ်ပြန်တာတွေလည်း ရှိသလို မထုတ်ပြန်ဖြစ်တာတွေလည်းရှိပါတယ်ခင်ဗျာ၊
အအောင်မြင်ဆုံးဆိုတဲ့ Mission အကြောင်းပြောရင်လည်း  ခုအထဲရောက်နေတဲ့ ရဲဘော်တွေအတွက် အန္တရာယ်ရှိနေလို့ပါ။ Mission တွေလုပ်ဖြစ်ခဲ့ပါတယ်”လို့ မဇ္ဈိမကို စာဖြင့် ပြန်လည်ဖြေကြားသည်။ 

ယခုလို နှစ်နှစ်တိုင် ကာလအတွင်း အောင်မြင်မှု ရှိခဲ့သလို ကျဆုံးမှုတွေလည်း ရှိခဲ့သည့်အပြင် လုံစည်းအရ မထုတ်ပြန်ဖြစ်တာတွေလည်း ရှိခဲ့သည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစု(UMCD) သည် ပြီးခဲ့သည့်  ၂၀၂၁ မတ်လ ၂၃ ရက်နေ့က ဖွဲ့စည်းထားသည့် မြေအောက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ရန်ကုန်မြို့ရှိ စစ်ရေးပစ်မှတ်များ၊ စစ်အုပ်ချုပ်ရေး ယန္တရားများကို တိုက်ခိုက်ဖောက်ခွဲခြင်းနှင့် စစ်ကောင်စီတပ် သတင်းပေးများကို တိုက်ခိုက် ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required