ဆွစ်ဇာလန်ဘဏ်များရှိ တရုတ်လျှို့ဝှက်အကောင့်များ ပိတ်ဆို့အရေးယူခံရနိုင်

By Voices Against Autocracy
21 March 2023
ဆွစ်ဇာလန်ဘဏ်များရှိ တရုတ်လျှို့ဝှက်အကောင့်များ ပိတ်ဆို့အရေးယူခံရနိုင်

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် ပူတင်နှင့် နီးစပ်သည့် ရုရှားသူဋ္ဌေးများကို ဆွစ်ဇာ လန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်သတင်းများသည် ခေါင်းကြီးပိုင်းသတင်းများ ဖြစ်ခဲ့ဖူးသည်။ 

တရုတ်က ဒရုန်းများနှင့် ခဲယမ်းမီးကျောက်များကဲ့သို့သော သေစေတတ်သောလက်နက်များအား ရုရှားသို့ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဆွဇ်ဇာလန်အစိုးရက ဆွဇ်ဇာလန်ဘဏ်များရှိ တရုတ်သူဋ္ဌေးများ၏ အကောင့်များကို အနီးကပ်စောင့်ကြည့်နေခြင်းဖြစ်သည်။

အရေးယူပိတ်ဆို့မှုနှင့်ပတ်သက်ပြီး ဆွစ်ဇာလန်၏ တင်းမာသော ရပ်တည်ချက်ကြောင့် ဆွစ်ဇာလန်ရှိ ငွေများလုံခြုံရေးနှင့် ပတ်သက်၍ ချမ်းသာသော တရုတ်များအကြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း Financial Times က ဖော်ပြခဲ့သည်။

သူလျှိုမိုးပျံပူဖောင်းဖြစ်ရပ်နှင့် ရုရှားအား သေစေလောက်သောလက်နက်များ ထောက်ပံ့ပေးနေသည်ဟူသော ဖြစ်နိုင်ခြေများ အပါအဝင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများသည် တရုတ်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် နီးစပ်လာစေသည်။

ဆွစ်ဇာလန်တွင် ဘဏ်စာရင်းဖွင့်ထားသည့် တရုတ်သူဋ္ဌေးဦးရေသည် အမေရိကန်အပါအဝင် အခြားချမ်းသာသောနိုင်ငံများထက် ပိုများကြောင်း ရင်းနှီးမြှုပ်နှံမှုဘဏ်ကုမ္ပဏီ Credit Suisse ၏ မကြာသေးမီက လေ့လာမှုတွင် ဖော်ပြထားသည်။

ဆွစ်ဘဏ်မှ ဓနဥစ္စာစီမံခန့်ခွဲရေးမန်နေဂျာများအားလုံးက အာဏာပိုင်များ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ၏ အကျိုးသက်ရောက်မှုကို ချိန်ဆနေကြပြီး ယင်းကိစ္စကို ဘုတ်အဖွဲ့နှင့် အမှုဆောင်အဖွဲ့က ဦးစားပေးဆွေးနွေးလျက်ရှိကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

ဆွစ်ဇာလန်၏ ပိတ်ဆို့အရေးယူမှုအစီအစဉ်အရ ရုရှားရန်ပုံငွေ ဒေါ်လာ ၈ ဘီလီယံကို ထိန်းချုပ်ထားကြောင်း ဆွစ်ဇာလန်နိုင်ငံတော်၏ စီးပွားရေးရာဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ရုရှားဘီလျံနာ ၇ ၅၀ဝ ကျော်သည် ဆွစ်ဇာလန်တွင် ဆွစ်ဖရန့်ငွေ ၄၆ ဒသမ ၁ ဘီလီယံ အပ်နှံထားကြောင်း အချက်အလက်များက ဖော်ပြနေသည်။

ယခုအခါ ချမ်းသာသော တရုတ်အထက်တန်းလွှာများသည် ၎င်းတို့၏ အကောင့်များကို ဆွစ်ဇာလန်ဘဏ်များက အလားတူ ပိတ်ဆို့မည်ကို စိုးရိမ်နေကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly