တနင်္သာရီမြို့နယ် ထုံခါကျေးရွာ တိုးဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွား

By ကိုရွှေမြိတ်(မဇ္ဈိမ)
20 March 2023
တနင်္သာရီမြို့နယ် ထုံခါကျေးရွာ တိုးဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ထုံခါကျေးရွာ ချောင်းနှစ် ပေါက်တံတားအနီးတွင် မတ်လ ၁၉ ရက် နံနက် ၉ နာရီအချိန်က စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်များထံမှ သိရ သည်။

ထုံခါကျေးရွာ ချောင်းနှစ်ပေါက်တံတားနှင့် တိုးဂိတ်အနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အင်အား အများအပြားဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်ပွဲက ပြင်းထန်ခဲ့တယ်၊ ကျွန်တော်တို့အဖွဲ့က စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ရှိတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီးသုံးလုံးပစ်ချခဲ့တယ်”ဟု တနင်္သာရီအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိခိုက်သေဆုံးမှုကိုမူ  ယနေ့ မတ်လ ၂၀ ရက်နေ့အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသောမြို့နယ်ဖြစ်ပြီး  ဖေဖော်ဝါရီလ နှင့်မတ်လအတွင်း တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည့် မြို့နယ်လည်း ဖြစ်သည်။

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required